အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ဒုတိယအကြိမ်(Sinovac)ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် ကရသူရိမြို့အတွင်း အခြေခံပညာကျောင်းများ၌ အသက် ၁၂ နှစ်နှင့်အထက်ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ်(Sinovac)  ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းကို နိုဝင်ဘာ၂၄ ရက်တွင်  ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ကွင်းဆင်းထိုးနှံ ပေးကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လိုက်ပါပြီး    မသေကျေးရွာအုပ်စု ကမ်းတောကျေးရွာ  အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ ၆၀ ဦးအား(Sinovac)ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးပြီး တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသူ ကျောင်းသား၊ ကျောင်းသူလေးဦးအား မိဘအုပ်ထိန်းသူများ၏ သဘောတူညီ ခွင့်ပြုချက်ဖြင့် (Sinovac) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို  ပထမအကြိမ်အဖြစ်  ထိုးနှံပေးကြောင်း သိရသည်။