အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးမှုများကြောင့် ဌာနဆိုင်ရာရုံး ၅၆၅ ရုံးတို့ ပျက်စီးဆုံးရှုံးခဲ့ရ

အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးမှုများကြောင့် ဌာနဆိုင်ရာရုံး ၅၆၅ ရုံးတို့ ပျက်စီးဆုံးရှုံးခဲ့ရ

နေပြည်တော် နိုဝင်ဘာ  ၂၆

CRPH နှင့် NUG အမည်ခံ အကြမ်းဖက်အဖွဲ့များသည် အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အချို့သောဒေသများတွင်  အေးချမ်းစွာ နေထိုင်ကြသော ပြည်သူများအား အကြောင်းပြချက် မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အဦများ၊  အများပြည်သူနှင့် သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင် ဘဏ်များနှင့် ဌာနဆိုင်ရာရုံးများအား မီးရှို့ဖျက်ဆီးခြင်းနှင့် ပစ္စည်းများအား လုယက်ခြင်း   စသည့် အဖျက်အမှောင့် လုပ်ရပ်များကို  ကျူးလွန်လျက်ရှိသည်။

ထိုသို့အကြမ်းဖက်အဖွဲ့များ၏    အကြောင်းမဲ့ မိုင်းထောင်ဖောက်ခွဲ၊   မီးရှို့ဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့ခြင်းကြောင့် ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှ နိုဝင်ဘာလ ၂ဝ  ရက်အထိ ဌာနဆိုင်ရာရုံး ၅၆၅ ရုံးတို့ ပျက်စီးဆုံးရှုံးခဲ့ရမှုကို ဖော်ပြပါအတိုင်းတွေ့ရှိရသည်-

(ဇယားဖော်ပြရန်)

အကြမ်းဖက်အဖွဲ့များအနေဖြင့် ဌာန ဆိုင်ရာရုံးများအား ယခုကဲ့သို့ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေမှုအပေါ် ပြည်သူလူထု တစ်ရပ်လုံးအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းကာကွယ်သွားကြပါရန်နှင့် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှု သတင်းများကို ရရှိပါက နီးစပ်ရာလုံခြုံရေး တပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ ဆက်သွယ် သတင်းပေးပို့၍ အကြမ်းဖက်သမားများ ရပ်တည်မှုမရှိနိုင်သည်အထိ ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်သွားကြပါရန် မေတ္တာရပ်ခံ သတင်း ထုတ်ပြန်အပ်ပါသည်။