တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ပို့ဆောင်

တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ပို့ဆောင်

နေပြည်တော်  နိုဝင်ဘာ  ၂၆

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများအား  တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက် ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သတ်မှတ်အအေးလမ်းကြောင်း  စံချိန်စံညွှန်းများအတိုင်း တပ်မတော်(လေ)မှ လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။

ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဗဟိုကာကွယ်ဆေး သိုလှောင်ခန်း၊  တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းမှ နေပြည်တော်ကောင်စီနယ်မြေသို့ ဆေးတစ်လုံးလျှင်(၅)ယောက်ထိုးနိုင်သော  Sinopharm ဆေး ၃၈ဝ နှင့် ဆေးထိုးအပ် ၁၆ဝဝဝဝ ချောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့သို့ ဆေးတစ်လုံးလျှင်(၅)ယောက် ထိုးနိုင်သော Sinopharm  ဆေး ၃၂ဝ၃ လုံး၊ ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်များသို့    ဆေးတစ်လုံးလျှင် (၅)ယောက်ထိုးနိုင်သော Sinopharm  ဆေး ၉၂၃၇ လုံးနှင့် ဆေးတစ်လုံးလျှင် (၂)ယောက်ထိုးနိုင်သော Sinovac ဆေး ၁၁၄၇ လုံး၊ မန္တလေးတိုင်းဒေသကြီးသို့  ဆေးတစ်လုံးလျှင် (၅)ယောက်ထိုးနိုင်သော Sinopharmဆေး ၂ဝ၂၅၉ လုံးနှင့် ဆေးတစ်လုံးလျှင်  (၂)ယောက်ထိုးနိုင်သော Sinovac ဆေး ၄၃၄၄ဝ လုံး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့သို့ ဆေးတစ်လုံးလျှင် (၅) ယောက်ထိုးနိုင်သော Sinopharm ဆေး ၃၃၄၄ လုံးနှင့်ဆေးတစ်လုံးလျှင် (၂)ယောက်ထိုးနိုင်သော Sinovac ဆေး ၅၈၆၃ လုံးနှင့် ဆေးထိုးအပ် ၃၈၄ဝဝဝ ချောင်းတို့ကို Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ပေးခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းနှင့်    သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။