ယနေ့ဓာတ်ခွဲနမူနာစုစုပေါင်း ၂၃၄၉၈  ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၄၉၃ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း  ၂ ဒသမ  ၁ဝ ရာခိုင်နှုန်းရှိ

ယနေ့ဓာတ်ခွဲနမူနာစုစုပေါင်း ၂၃၄၉၈  ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၄၉၃ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း  ၂ ဒသမ  ၁ဝ ရာခိုင်နှုန်းရှိ

နေပြည်တော်  နိုဝင်ဘာ  ၂၆

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး  (၂၅-၁၁-၂ဝ၂၁)ရက် ည ၈ နာရီမှ (၂၆-၁၁-၂ဝ၂၁)ရက် ည ၈  နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၃၄၉၈ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၄၉၃ ဦး တွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၂ ဒသမ ၁ဝ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၅၄၉၈၅၄၉ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၅၂ဝ၇ဝ၆ ဦးရှိပြီဖြစ်သည်။

ယနေ့တွင်ဆေးရုံဆင်းခွင့်ရရှိသူ ၆၄၁ ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၄၉၄၇၄၈ ဦး ဆေးရုံမှဆင်းခွင့်ရရှိပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ကိုးဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၉ဝ၆၇ ဦးရှိကြောင်း သိရသည်။