ဂျူဗင်တပ်စ်အသင်း ဥက္ကဋ္ဌအပါအဝင် တာဝန်ရှိသူ ခြောက်ဦးကို အပြောင်းအရွှေ့နှင့် ပတ်သက်၍ စစ်ဆေးခံနေရ

ဂျူဗင်တပ်စ်အသင်း ဥက္ကဋ္ဌအပါအဝင် တာဝန်ရှိသူ ခြောက်ဦးကို အပြောင်းအရွှေ့နှင့် ပတ်သက်၍ စစ်ဆေးခံနေရ

အီတလီနိုင်ငံ တူရင်ရဲတပ်ဖွဲ့က ဂျူဗင်တပ်စ် အသင်းမှ ဥက္ကဋ္ဌ အက်ဂနယ်လီအပါအဝင် တာဝန်ရှိသူခြောက်ဦးကို  ကစားသမား အပြောင်းအရွှေ့ ကိစ္စရပ်များနှင့် ပတ်သက်၍ အသင်းရုံးခန်းအတွင်း ဝင်ရောက်စီးနင်းကာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တူရင်ရဲတပ်ဖွဲ့က  ဂျူဗင်တပ်စ်အသင်း အနေဖြင့် ရီးယဲလ်မက်ဒရစ် အသင်းမှ စီရော်နယ်ဒိုအား ခေါ်ယူခဲ့စဉ်က  ပြုလုပ်ခဲ့သည့်  အပြောင်းအရွှေ့ အပါအဝင် တခြားအပြောင်းအရွှေ့ များတွင်   အေးဂျင့်များကို ငွေပေးချေမှုနှင့် ပတ်သက်၍  သံသယဖြစ်စရာများဖြစ်ပွားခဲ့သည့်အတွက် အပြောင်းအရွှေ့နှင့် ပတ်သက်ပြီး  အချက်အလက် အသေးစိတ်အား  အသင်းရုံးကို ရှောင်တခင် ဝင်ရောက်စီးနင်းပြီး ရှာဖွေမှုများပြုလုပ် ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် တူရင်ရဲတပ်ဖွဲ့က လက်ရှိဂျူဗင်တပ်စ် အသင်း ဥက္ကဋ္ဌအပါအဝင် ယခင်က အားကစား ဒါရိုက်တာဟောင်း ဖြစ်ပြီး  လက်ရှိ  စပါးအသင်း အားကစားဒါရိုက်တာ ပါရာတီခီကိုပါ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။