အခြေခံပညာ ကျောင်းပေါင်းစုံ အေရိုးဗစ်ပြိုင်ပွဲနှင့် Fitness Dance ပြိုင်ပွဲ ကျင်းပ

အခြေခံပညာ ကျောင်းပေါင်းစုံ အေရိုးဗစ်ပြိုင်ပွဲနှင့် Fitness Dance ပြိုင်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်၌   မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အေရိုးဗစ်ပြိုင်ပွဲနှင့် Fitness Dance ပြိုင်ပွဲကို နိုဝင်ဘာ ၂၉ ရက် နံနက်တွင် မြို့နယ်အားကစား ခန်းမ၌ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပလျက်ရှိကြောင်း သိရသည်။

ပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အေရိုးဗစ်ပြိုင်ပွဲ အသင်းခြောက်သင်းနှင့် Fitness   Dance ပြိုင်ပွဲဝင် အသင်းငါးသင်း ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် အသင်းများအား နိုဝင်ဘာ ၂၉ ရက် ညနေ၃ နာရီတွင် ဆုများပေးအပ် ချီးမြှင့်ကြောင်း သိရသည်။