အသင်းကို ရလဒ်ကောင်းများ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် မန်ယူအသင်းနည်းပြ အဖွဲ့ဝင်အဖြစ်မှ မိုက်ကယ်ကာရစ်ချ် နုတ်ထွက်ကြောင်း ကြေညာ

မန်ယူအသင်းလက်ထောက်နည်းပြအဖြစ် တာဝန်ယူ ဆောင်ရွက်နေသည့် မိုက်ကယ်ကာရစ်ချ်သည် ဒီဇင်ဘာ ၃ ရက်နံနက်က ကစားသည့် အာဆင်နယ်အသင်းနှင့်ပွဲစဉ်တွင်  အနိုင်ရရှိအောင်စွမ်းဆောင်ပေးနိုင်ပြီးနောက် အသင်းနည်းပြ အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ပြီး အသင်းနှင့်လမ်းခွဲပြီဟု အတည်ပြုကြေညာခဲ့ကြောင်း သိရသည်။

အသက်  ၄၀  အရွယ်  မိုက်ကယ်ကာရစ်ချ်သည် ကစားသမားဘဝကို ဝက်စ်ဟမ်းအသင်း၊ ဆွန်ဒန်တောင်း အသင်း၊ ဘာမင်ဂမ်အသင်းနှင့်  စပါးအသင်းတို့တွင် ကစားပြီးနောက်  ၂၀၀၆ ခုနှစ်က မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီး ၂၀၁၈ ခုနှစ်အထိကစားခဲ့ကာ ကစားသမားဘဝမှ အနားယူခဲ့သူဖြစ်သည်။

ကာရစ်ချ်သည် မန်ယူအသင်းနှင့်အတူ ကစားသမားဘဝမှ အနားယူခဲ့ပြီးနောက်  ၂၀၁၈  ခုနှစ်အတွင်းမှာပင် မန်ယူအသင်းကို ယာယီနည်းပြအဖြစ် နည်းပြ ဆိုးလ်ရှား စတင်တာဝန်ယူချိန်မှစတင်ပြီး နည်းပြဆိုးလ်ရှား လက်အောက်တွင် ယာယီနည်းပြအဖြစ် စတင်တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။

မန်ယူအသင်းမှ နည်းပြဆိုးလ်ရှား ထွက်ခွာသွားချိန်တွင်လည်း မိုက်ကယ်ကာရစ်ချ်က ယာယီနည်းပြအဖြစ် သုံးပွဲကိုင်တွယ်ခဲ့ရာ ဗီလာရီးယဲလ်အသင်းကို အနိုင်ရရှိခဲ့ပြီး ချန်ပီယံလိဂ် ၁၆ သင်းအဆင့် တက်ရောက်နိုင်ခဲ့သကဲ့သို့ ချယ်လ်ဆီးအသင်းကို သရေရလဒ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကာ အာဆင်နယ် အသင်းကို  အနိုင်ရရှိပြီးနောက် မန်ယူအသင်းမှ ထွက်ခွာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Ref;Manchester Evening News