အမေရိကန်၏ဒီမိုကရေစီညီလာခံက ပြက်လုံးတစ်ခုမျှသာဖြစ်မည်ဟု တရုတ်ပြော

ပေကျင်း၊ နိုင်ငံရေး

အမေရိကန်၏ဒီမိုကရေစီညီလာခံက ပြက်လုံးတစ်ခုမျှသာဖြစ်မည်ဟု တရုတ်ပြော

လာမည့်သီတင်းပတ်တွင် ကျင်းပရန် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က စီစဉ်ထားသော ဒီမိုကရေစီညီလာခံသည် ပြက်လုံး တစ်ခုမျှသာ ဖြစ်မည်ဖြစ်ကြောင်း တရုတ်ထိပ်တန်းတာဝန်ရှိသူများက ဒီဇင်ဘာ ၄ ရက်တွင်ပြောသည်။ထို့ပြင် အမေရိကန်နိုင်ငံ၏ နိုင်ငံရေး စနစ်သည် စစ်မှန်သောဒီမိုကရေစီစနစ်ကို ကိုယ်စားမပြုကြောင်း  အဆိုပါတာဝန်ရှိ သူများကပြောသည်။

အမေရိကန်နိုင်ငံ၏ ဒီမိုကရေစီစနစ်အရ  အမေရိကန်နိုင်ငံရေးသမားများသည် အကျိုးတူအုပ်စုများ၏ကိုယ်စားလှယ်များသာဖြစ်ပြီး  အမျိုးသားအကျိုးစီးပွား သို့မဟုတ် မဲဆန္ဒရှင်အများအပြား၏အကျိုးစီးပွားများကို ကိုယ်စားမပြုကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ မူဝါဒသုတေသနရုံးမှ  လက်ထောက်ညွှန်ကြားရေးမှူး ကျန်ပေယန်းက ဒီမိုကရေစီအရေး ဆိုင်ရာစက္ကူဖြူ စာတမ်းဖြန့်ချိမှုသတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

အမေရိကန်နိုင်ငံရေးသမားများသည် ရွေးကောက်ခံရနိုင်ရေးအတွက် မည်သည့်ကတိကဝတ်ကိုမဆိုပေးမည်ဖြစ်ပြီး ၎င်းတို့ပေး ထားသည့်  ကတိအတိုင်းအကောင်အထည်ဖော်သည်မှာ အလွန်တရာရှားပါးကြောင်း၊ ၎င်းသည် စစ်မှန်သော ဒီမိုကရေစီ မဟုတ် ကြောင်း၊ တရုတ်ပြည်သူများက ကြိုက်နှစ်သက်ခြင်းမရှိကြောင်းနှင့် ထိုသို့သော ဒီမိုကရေစီမျိုးကိုလည်း အလိုမရှိကြောင်း ကျန်ပေ ယန်းက ဆက်ပြောသည်။

ထို့ပြင် အမေရိကန်နိုင်ငံ၏နိုင်ငံရေးစနစ်ရှိ ဆုံလည်တံခါးကဲ့သို့သောဖြစ်စဉ်သည် အဆိုပါနိုင်ငံရေးသမားများအနေဖြင့် အကျိုးတူ အုပ်စုများနှင့် ဘေးတီးပေးသူများ၏  စိုးမိုးခြယ်လှယ်ခြင်းကိုခံရကြောင်း ဗဟိုကော်မတီရှိ  သတင်းပြန်ကြားရေး ဌာနမှဒုတိယဥက္ကဋ္ဌ ရှုလင်းကပြောသည်။

အလားတူ အဆိုပါဒီမိုကရေစီညီလာခံသည် ဟာသပြက်လုံးခွင်တစ်ခုသာဖြစ်ကြောင်း တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး လီယူချန်း က  ရုရှားဒုတိယနိုင်ငံခြားရေး ဝန်ကြီးနှင့်ဆွေးနွေးစဉ်ပြောသည်။ အမေရိကန်နိုင်ငံသည် ကိုယ်ပိုင်ဟန်ပန် အမူအရာဖြင့် သတ်မှတ် ထားသည့် ဒီမိုကရေစီခေါင်းဆောင်သာဖြစ်ကြောင်း၊ ယင်းကဲ့သို့ ဒီမိုကရေစီညီလာခံကို  ကျင်းပခြင်းသည် မတူညီသော ဖွံ့ဖြိုး တိုးတက်မှုပုံစံရှိသည့်အခြားနိုင်ငံများကို ဖိနှိပ်ထိန်းချုပ်ရန်သာ အဓိကရည်ရွယ်ခြင်းဖြစ်ကြောင်းနှင့် ယင်းညီလာခံသည် ဟာသ ပြက်လုံးသာ ဖြစ်လာမည်ဖြစ်ကြောင်း ကျန်ပေယန်းကဆိုသည်။

ဒီဇင်ဘာ ၉ ရက်နှင့် ၁၀ ရက်တွင် အွန်လိုင်းမှတစ်ဆင့်ကျင်းပမည့်  ဂျိုးဘိုင်ဒင်၏ ဒီမိုကရေစီညီလာခံသို့တက်ရောက်ရန် ဖိတ်ကြား ခံရသူအယောက် ၁၀၀ ရှိသည်။ ထိုသို့ဖိတ်ကြားခံရသူများတွင် တရုတ်(တိုင်ပေ)သည်လည်း အပါအဝင်ဖြစ်သည်။ သို့သော် အမေရိကန်၏ မဟာမိတ်ဖြစ်သည့် ထိုင်းနိုင်ငံသည် ထိုသို့ဖိတ်ကြားခံရသူစာရင်းတွင်မပါဝင်ဘဲ အရှေ့တောင်အာရှ ၁၀ နိုင်ငံအနက် အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့သာ  ဖိတ်ကြားခံရကြောင်း သိရသည်။

Ref: Bangkok Post