ရုရှားနှင့်အရှေ့တောင်အာရှနိုင်ငံများ၏ ပထမဆုံးအကြိမ် ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်ခန်း အောင်မြင်စွာပြီးဆုံး

ဂျကာတာ၊ ချစ်ကြည်ရေး

ရုရှားနှင့်အရှေ့တောင်အာရှနိုင်ငံများ၏ ပထမဆုံးအကြိမ် ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်ခန်း အောင်မြင်စွာပြီးဆုံး

ရုရှားနိုင်ငံနှင့်အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံများ၏ ပထမဆုံးအကြိမ် ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်ခန်းသည်  ဒီဇင်ဘာ ၄ ရက်တွင် အောင်မြင်စွာပြီးဆုံးကြောင်း အင်ဒိုနီးရှားရေတပ်က ထုတ်ပြန်ထားသည်။

အဆိုပါပူးတွဲစစ်ရေးလေ့ကျင့်ခန်းသည် သုံးရက်ကြာမြင့်ပြီး အင်ဒိုနီးရှားနိုင်ငံဆူမားတြားကမ်းလွန်၌လုပ်ဆောင်ခြင်းဖြစ်သည်။

ယင်းသို့ပူးတွဲစစ်ရေးလေ့ကျင့်ရခြင်းသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ရုရှားရေတပ်တို့ကြား  မဟာဗျူဟာမြောက် ပင်လယ်ပြင် အတွင်း  အပြန်အလှန်မှီခိုလုပ်ငန်းဆောင်ရွက်မှု တိုးတက်စေရေးကိုရည်ရွယ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

ထိုစစ်ရေးလေ့ကျင့်ခန်းသည် အင်ဒိုနီးရှားအစိုးရ၊ အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံများနှင့် ရုရှားနိုင်ငံတို့ကြား ချစ်ကြည်ရင်းနှီးမှုကို ပျိုးထောင်ရေးအတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သောကြောင့် မဟာဗျူဟာမြောက်အကျိုးရလဒ်ကို ရရှိကြောင်း အင်ဒိုနီးရှား ရေတပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆင့်နှစ်ဆင့်ပါ အဆိုပါစစ်ရေးလေ့ကျင့်ခန်းတွင် ရုရှားနိုင်ငံနှင့်အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံများမှ စစ်သင်္ဘော ရှစ်စင်းနှင့် လေယာဉ် လေးစင်းပါဝင်သည်။ ယခုကဲ့သို့သော အရှေ့တောင်အာရှနိုင်ငံများအဖွဲ့နှင့် ရုရှားနိုင်ငံတို့ကြား ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို   နောက်ထပ်တစ်ကြိမ် ပြုလုပ်ခွင့်ရမည်ဆိုပါက ဗလာဒီဗော့စတော့၌ပြုလုပ်နိုင်ရေးမျှော်လင့်ကြောင်း စစ်ရေးလေ့ကျင့်ခန်းတွင် ပါဝင်သော ရုရှားစစ်ရေယာဉ်မှ စစ်ရေယာဉ်မှူး အလက်ဆီဘိုလော့နီကော့က ပြောကြောင်း သိရသည်။

Ref: TST