လာမည့်ဇန်နဝါရီကစားသမားအပြောင်းအရွှေ့ကာလတွင် ဝုဗ်အသင်းမှ တိုက်စစ်မှူး အဒမ်မာထရာအိုရေးကို စပါးအသင်းနှင့် လီဗာပူးအသင်းတို့က ပေါင် ၃၂ သန်းဖြင့် အပြိုင်ကမ်းလှမ်းရန်ပြင်ဆင်

လာမည့်ဇန်နဝါရီကစားသမားအပြောင်းအရွှေ့ကာလတွင် ဝုဗ်အသင်းမှ တိုက်စစ်မှူး အဒမ်မာထရာအိုရေးကို စပါးအသင်းနှင့် လီဗာပူးအသင်းတို့က ပေါင် ၃၂ သန်းဖြင့် အပြိုင်ကမ်းလှမ်းရန်ပြင်ဆင်

လန်ဒန်၊ ဘောလုံး

စပါးအသင်းနှင့် လီဗာပူးအသင်းတို့က လာမည့် ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလတွင် ဝုဗ် အသင်းတိုက်စစ်မှူး အဒမ်မာထရာအိုရေးကို ပြောင်း ရွှေ့ကြေး စတာလင်ပေါင် ၃၂ သန်းဖြင့် အပြိုင်ကမ်း လှမ်းရန်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

အသက် ၂၅ နှစ်အရွယ် အဒမ်မာထရာအိုရေးသည် ပြီးခဲ့သည့်ဘောလုံးရာသီက ဝုဗ်အသင်းနှင့် အကောင်း ဆုံးခြေစွမ်းပြသ နိုင်ခဲ့ပြီး နောက်   ဥရောပထိပ်တန်း အသင်းကြီးအများစုက    ခေါ်ယူရန်ကြိုးပမ်းခဲ့သည့် အတွက်  ဝုဗ်အသင်းက ပြောင်းရွှေ့ကြေး စတာလင် ပေါင် သန်း ၇၀ အထိသတ်မှတ်ခဲ့သော်လည်း ယခု ဘောလုံးရာသီတွင်   အဒမ်မာထရာအိုရေးအနေဖြင့် ခြေစွမ်းပြသနိုင်ရန်အတွက် ရုန်းကန်နေရသောကြောင့် ပြောင်းရွှေ့ကြေးများကျဆင်းခဲ့ပြီး စတာလင်ပေါင် ၃၂ သန်းခန့်သာရှိတော့သည့်အတွက်   ဇန်နဝါရီကစား သမားအပြောင်းအရွှေ့ကာလတွင်    စပါးအသင်းနှင့် လီဗာပူးအသင်းတို့က အပြိုင်ကမ်းလှမ်းလိုနေခြင်းဖြစ် သည်။

လီဗာပူးအသင်းက ဇန်နဝါရီနှင့်ဖေဖော်ဝါရီလတို့တွင် အဓိက ကစားသမားနှစ်ဦးဖြစ်သည့် ဆာလက်ချ် နှင့် မာနေးတို့ကို အာဖရိက ဖလားကြောင့် လက်လွှတ် ရမည်ဖြစ်သည့်အတွက် ဇန်နဝါရီကစားသမားအပြောင်း အရွှေ့ကာလတွင် တိုက်စစ်ကစားသမား တစ်ဦး ခေါ်ယူ လိုနေပြီး စပါးအသင်းနည်းပြကွန်တီကလည်း တိုက်စစ် မှူးတစ်ဦး အင်အားဖြည့်တင်းလိုနေခြင်းဖြစ်ကြောင်း သိရသည်။

Ref;Football London