နိုဝင်ဘာလ၏ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးဆုများအတွက် ဆန်ခါတင်စာရင်းထုတ်ပြန်

နိုဝင်ဘာလ၏ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးဆုများအတွက် ဆန်ခါတင်စာရင်းထုတ်ပြန်

လန်ဒန်၊ ဘောလုံး

ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်က လစဉ်ပေး အပ်ချီးမြှင့်သည့် တစ်လတာအကောင်းဆုံးဆုများ ဖြစ်သော နိုဝင်ဘာလအတွက် တစ်လတာအကောင်း ဆုံးကစားသမားဆုနှင့် တစ်လတာအကောင်းဆုံး နည်းပြဆုတို့အတွက် ဆန်ခါတင်စာရင်းကို ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။

ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်က နိုဝင်ဘာလ၏ အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းရွေးချယ်ရာတွင်   မန်စီးတီးအသင်းနှင့် လီဗာပူးအသင်းတို့မှ  နှစ်ဦးစီပါဝင်လာခဲ့ပြီး  ကျန်အသင်းများမှ တစ်ဦးစီသာ ပါဝင်လာခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာလ၏ ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင် ကစားသမားစာရင်းတွင် လီဗာပူး အသင်းမှ ခံစစ်ကစား သမား အာနိုးနှင့် တိုက်စစ်ကစားသမား ဂျိုတာ၊ မန်စီးတီးအသင်းမှ ခံစစ်ကစားသမား ဂျာအိုကန်ဆယ်လို၊  ကွင်းလယ်ကစားသမား  ဘာနာဒိုဆေးလ်ဗား၊ ဝက်ဖို့ဒ်အသင်းတိုက်စစ်မှူး  ဒင်းနစ်၊  အက်စ်တွန် ဗီလာအသင်းမှ မက်ဂရင်းတို့ ပါဝင် လာကြသည်။

အလားတူ နိုဝင်ဘာလ၏ တစ်လတာအကောင်း ဆုံးနည်းပြဆုအတွက် ဆန်ခါတင်နည်းပြစာရင်းကို ထုတ်ပြန်ရာတွင်  ပရီးမီးယား လိဂ် ဝါရင့်နည်းပြကြီး များဖြစ်သည့် မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာနှင့် လီဗာပူးအသင်းနည်းပြ ကလော့တို့နှင့်အတူ နိုဝင်ဘာလ အတွင်းက အက်စ်တွန်ဗီလာအသင်းကို တာဝန်ယူကိုင်တွယ်ခဲ့သည့် နည်းပြဂျရတ်လည်း ပါဝင်လာခဲ့ခြင်းဖြစ်သည်။

နည်းပြဂျရတ်သည် ပြီးခဲ့သည့် နိုဝင်ဘာ ၂၀ ရက်မှစတင်ကာ အက်စ်တွန်ဗီလာအသင်းကို တာဝန်ယူကိုင်တွယ်ခဲ့ခြင်း ဖြစ်သော်လည်း အသင်းကို ရလဒ်ကောင်းများ  ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့သည့် အတွက်  ဆန်ခါတင်စာရင်းတွင် ပါဝင်လာခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

Ref;Sky Sports