တိုးတက်ဦး- ၃ အမည်ရှိ ငါးသယ်လှေနစ်မြုပ်မှုအား တပ်မတော်မှကူညီကယ်ဆယ်

တိုးတက်ဦး- ၃ အမည်ရှိ ငါးသယ်လှေနစ်မြုပ်မှုအား တပ်မတော်မှကူညီကယ်ဆယ်

နေပြည်တော် ၊  စက်တင်ဘာ - ၁၇
    
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့မှရေခဲများတင်ဆောင်၍ ပင်လင်ပြင် အတွင်း  ထွက်ခွာလာသည့် လှေသား ၄ ဦး လိုက်ပါလာသော တိုးတက်ဦး-၃ အမည်ရှိ ငါးသယ်လှေတစ်စီးသည် ယနေ့မွန်းလွဲ ၂ နာရီခန့်တွင် ကော့သောင်းမြို့၏ အနောက် မြောက်ဘက် ရေမိုင် ၂၄ မိုင်ခန့်အကွာသို့အရောက်၌ ရုတ်တရက် လှိုင်းလေပြင်းထန်လာပြီး ရေဝင်ရောက်မှုကြောင့် ပဲ့ပိုင်းရေဝင်နစ်မြုပ်မှုဖြစ်ပွားခဲ့သည်။
    
အဆိုပါ ရေဝင်နစ်မြုပ်လှေမှ လှေသားများအား တပ်မတော်(ရေ)မှ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက် ပေးပြီး စားသောက်ဖွယ်ရာများပေးအပ်ကာ လှေသား ၄ ဦးအား လှေပိုင်ရှင်ဖြစ်သူ ကော့သောင်းမြို့၊ ဘာလိအော်ကျေးရွာနေ ဦးမြင့်ထွန်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။