ချင်းတွင်းမြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ ၄၀၀၀၀၀ မျိုးစိုက်ထည့်ပေး

မုံရွာ၊ ငါးသယံဇာတ

ချင်းတွင်းမြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ ၄၀၀၀၀၀ မျိုးစိုက်ထည့်ပေး

မုံရွာခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ချင်း တွင်းမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ပွဲကို ဒီဇင်ဘာ ၆ ရက် နံနက် ၈ နာရီခွဲတွင် မုံရွာမြို့ ကျောက်ဆောင်ဆိပ်၌ ကျင်းပကြောင်း သိရသည်။

ချင်းတွင်းမြစ်အတွင်းသို့ ငါးသားပေါက်မျိုးစိုက်ထည့်ပွဲတွင် ၂ လက်မအရွယ်ရှိ  ထိုင်းငါးခုံးမကြီးကောင်ရေ   ၂၀၀၀၀၀၊ ငါးမြစ်ချင်း ကောင်ရေ ၂၀၀၀၀၀ စုစုပေါင်းငါးသားပေါက်ကောင်ရေ  ၄၀၀၀၀၀ အား စိုက်ထည့်ပေးခြင်းဖြစ်သည်။

ချင်းတွင်းမြစ်အတွင်း ငါးမျိုးစိုက်ထည့် ခြင်းအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ တက်ရောက်သည်။

သဘာဝငါးမျိုးများဖြစ်သည့် ရေချိုငါး မျိုးစိတ်များ ပြုန်းတီးမှုမှကာကွယ်နိုင်ရန်နှင့် ငါးစားသုံးသူများအတွက် လိုအပ်သော ငါးရိက္ခာစဉ် ဆက်မပြတ်တိုးပွားလာစေရန် နှစ်စဉ်မိုးရာသီ မြစ်ရေကြီးမြင့်ချိန်များတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြစ်ချောင်း များအတွင်းသို့ ငါးသားပေါက်များကို မျိုးစိုက်ထည့်ပေးခြင်းဖြစ်ကြောင်း သိရသည်။

(၆၁၁)