အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံကွန်ကရစ်ပုံလောင်းသင်တန်းဖွင့်လှစ်

မချမ်းဘော့၊ သက်မွေးပညာ

အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံကွန်ကရစ်ပုံလောင်းသင်တန်းဖွင့်လှစ်

ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ လူငယ်များ အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံကွန်ကရစ်ပုံလောင်းသင်တန်းကို အဆိုပါဦးစီးဌာန ရုံးအစည်းအဝေး ခန်းမ၌ ဒီဇင်ဘာ ပထမပတ်မှစတင်၍ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သင်တန်းတွင် ကွန်ကရစ်ပုံလောင်းခြင်းနှင့် စပ်လျဉ်း၍ ပြုလုပ်နည်းဆိုင်ရာနည်းစနစ်များကို သင်တန်းနည်းပြနှစ်ဦးက  စာတွေ့ လက်တွေ့ လေ့ကျင့်သင်ကြား ပို့ချပေးလျက်ရှိကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ  တစ်ပိုင်တစ်နိုင် အသေးစားစီးပွားရေးလုပ်ငန်းများ ထူထောင်ခြင်းနှင့်အတူ မိသားစုဝင်ငွေတိုးပွားလာစေရန်အတွက် လူမှုစီးပွားဘဝ အဆင့်အတန်း မြင့်မားလာစေရန်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်ရည်ရွယ်၍ ကျေးလက်ဒေသ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြစ်သည်။

အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာမှသင်တန်းသား ၁၀ ဦးတက်ရောက်လျက်ရှိပြီး သင်တန်းကို ဒီဇင်ဘာ ၁ ရက်မှ ၁၅ ရက်အထိ ၁၅ ရက်ကြာ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်းသိရသည်။ 

မင်းမြင့်မိုရ်(ကျေးလက်)