ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် နှစ်သစ်ကူးအကြိုစုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် နှစ်သစ်ကူးအကြိုစုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

နေပြည်တော်  ဒီဇင်ဘာ  ၆

ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် နှစ်သစ်ကူးအကြို စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၌ပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့်ဇနီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက် အားပေးကြသည်။

သွေးလှူဒါန်းပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံ တပ်ဖွဲ့/ဦးစီးဌာနများရှိ သွေးလှူရှင် ၇၇ ဦးတို့မှ စုပေါင်း သွေးလှူဒါန်း ခဲ့ကြရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူ များက သွေးလှူဒါန်းခဲ့ကြသော ဝန်ထမ်းများနှင့် မိသားစုဝင်များအား လိုက်လံကြည့်ရှု၍ အားပေးစကားပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။      

(၅၀၀)