အင်းဝခေတ် အမျိုးသား/အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုပုံများဖြင့် အထူးထုတ်စာပို့တံဆိပ်ခေါင်းသစ် (၂၀၀ ကျပ်တန်) ရောင်းချပေးမည်

အင်းဝခေတ် အမျိုးသား/အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုပုံများဖြင့် အထူးထုတ်စာပို့တံဆိပ်ခေါင်းသစ် (၂၀၀ ကျပ်တန်) ရောင်းချပေးမည်

နေပြည်တော်  ဒီဇင်ဘာ  ၆

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို ပြန်လည်ဖော်ထုတ်သည့်အနေဖြင့် ခေတ်အဆက်ဆက် မြန်မာအမျိုးသားများနှင့် အမျိုးသမီး များ၏ ဝတ်စားဆင်ယင်မှုများကို အများပြည်သူများနှင့် မျိုးဆက်သစ်လူငယ်များ ပိုမိုအလေးထားလေ့လာမှတ်သားနိုင် စေရန်ရည် ရွယ်၍ ပို့ဆောင်ရေးနှင့်ဆက် သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ အင်းဝခေတ် အမျိုးသား/အမျိုးသမီးများ၏ ဝတ်စား ဆင်ယင်မှုပုံများဖြင့် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၂၀၀ ကျပ်တန်) နှစ်မျိုးအား ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၈ ရက်၊ မြန်မာ သက္ကရာဇ် ၁၃၈၃ ခုနှစ် နတ်တော်လဆန်း ၅ ရက် (ဗုဒ္ဓဟူးနေ့)၊ နံနက် ၉ နာရီခွဲ မှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့ နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ စာတိုက်များတွင် ရောင်းချပေးသွားမည်ဖြစ်သည်။

အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး နှင့် မန္တလေးစာတိုက်ကြီးတို့၌ ဒီဇင်ဘာ ၈ ရက်တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်း များပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးမည်ဖြစ်သည်။ ဆက်လက်၍လည်း ကုန်းဘောင်ခတ်၊ ရတနာပုံခေတ်နှင့် အမရပူရခေတ် မြန်မာအမျိုးသားများနှင့် အမျိုးသမီးများ၏ ဝတ်စား ဆင်ယင်မှုများကို ထုတ်ဝေ ရောင်းချသွားမည် ဖြစ်ကြောင်းသိရသည်။

(သတင်းစဉ်)