တရားမအထူးအယူခံမှု (၄)မှုကိုစီရင်ချက်ချမှတ်၊ ရာဇဝတ်အထူးအယူခံမှု (၂)မှုနှင့် တရားမအထူး အယူခံမှု(၃)မှုကို ရုံးထိုင်ကြားနာ

နေပြည်တော် ဒီဇင်ဘာ  ၆

တရားမအထူးအယူခံမှု (၄)မှုကိုစီရင်ချက်ချမှတ်၊ ရာဇဝတ်အထူးအယူခံမှု  (၂)မှုနှင့် တရားမအထူး အယူခံမှု(၃)မှုကို ရုံးထိုင်ကြားနာ

ပြည်ထောင်စုတရားသူကြီးချုပ်ဦးထွန်းထွန်းဦးနှင့်   ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော  ဦးမျိုးတင့်၊ ဦးကြည်သိန်း၊ ဦးတင်ဟုန်၊ ဒေါ်ခင်မေရီတို့ ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် ၉ နာရီခွဲအချိန်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၃/၂၀၂၀ (မန္တလေး)၊ ၆/၂၀၂၀ (မန္တလေး)၊ ၉/၂၀၂၀ (ကရင်)နှင့်   ၁၂/၂၀၂၀ (ရန်ကုန်) စုစုပေါင်း တရားမအထူးအယူခံမှု (၄) မှုကို စီရင်ချက်ချမှတ်ကြောင်း သိရသည်။

ထို့ပြင် ရာဇဝတ် အထူးအယူခံမှု အမှတ် ၅/၂၀၂၁ (မွန်)နှင့် ၆/၂၀၂၁ (တနင်္သာရီ)၊ တရားမအထူးအယူခံမှုအမှတ်  ၁၃ /၂၀၂၀    (ဧရာဝတီ)၊ ၂၂/၂၀၂၀ (ရန်ကုန်) နှင့် ၂၄/၂၀၂၀  (ပဲခူး) စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု  (၂)မှုနှင့် တရားမအထူးအယူခံမှု(၃)မှုကို   ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ  ရုံးထိုင်ကြားနာခဲ့ကြောင်း  သတင်းရရှိသည်။

(၅၀၀)