ယနေ့ဓာတ်ခွဲနမူနာစုစုပေါင်း ၁၇၇၂၆ ခုအားစစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၃၆၇ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု ၂ ဒသမ ၀၇ ရာခိုင်နှုန်းရှိ

နေပြည်တော် ဒီဇင်ဘာ ၇

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွား အလာကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ  (၆-၁၂-၂၀၂၁) ရက်  ည ၈ နာရီမှ (၇-၁၂-၂၀၂၁) ရက် ည ၈  နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၇၇၂၆ ခုအား  စစ်ဆေးပြီးစီးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၆၇ ဦးတွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၂ ဒသမ ၀၇ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၅၇၁၅၉၂၇ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ၅၂၅၀၀၅ ဦးရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ ၄၈၈ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၅၀၁၁၈၉ ဦး ဆေးရုံမှဆင်းခွင့်ရရှိပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ခြောက်ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း ၁၉၁၅၂ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက   သတင်းထုတ်ပြန်ထားသည်။             

(၅၀၀)