ဆီနိုဖမ်းကုမ္ပဏီက ၎င်းတို့၏ကာကွယ်ဆေးကို ကလေးငယ်များနှင့် ဆယ်ကျော်သက်များတွင် လက်တွေ့စမ်းသပ်မည်

 

တရုတ်နိုင်ငံရှိ ဆီနိုဖမ်းဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီသည် ၎င်းတို့ထုတ်လုပ်ထားသော စမ်းသပ်ဆဲ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယခုလနှောင်းပိုင်းမှစ၍ နိုင်ငံအတွင်းရှိ ကလေးငယ်များနှင့် ဆယ်ကျော်သက်များတွင် လက်တွေ့စမ်းသပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ဆယ်ကျော်သက်လူငယ်များအပါအဝင် ပြည်သူတစ်ရပ်လုံးအတွက်  ကာကွယ်ဆေးကောင်း တစ်ခုရှာဖွေခြင်းက စာသင်ကျောင်းများနှင့် သူငယ်တန်း ကျောင်းများ၌ ရောဂါကူးစက်ပျံ့နှံ့မှုမှကာကွယ်ရန် အရေးပါကြောင်းသိရသည်။ လက်တွေ့ စမ်းသပ်မှုပထမအဆင့်နှင့် ဒုတိယအဆင့်ကိုပေါင်း၍ လုပ်ဆောင်မည်ဖြစ်ပြီး နိုင်ငံမြောက်ပိုင်း ဟူဘေးပြည်နယ်၌ စက်တင်ဘာ ၂၈ ရက်မှစ၍ အသက်သုံးနှစ်နှင့် ၁၇ နှစ် ကြားရှိ ကျန်းမာရေးကောင်းသူ ၅၅၂ ဦးကို ကိုရိုနာဗက်အမည်ရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးမည်ဖြစ်သည်။

ထိုသို့စမ်းသပ်မှုများကို တရုတ်ဆေးဝါးထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့က အတည်ပြု ထားကြောင်း ဆီနိုဖမ်းကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူကပြောသည်။ တရုတ်နိုင်ငံ၏  စမ်းသပ်မှုများနှင့်ပတ်သက်၍ ကျွမ်းကျင်ပညာရှင်များက စိုးရိမ်နေသော်လည်း တရုတ်နိုင်ငံသား ထောင်ပေါင်းများစွာကို စမ်းသပ်ဆဲကာကွယ်ဆေးများ ထိုးနှံပေးထားပြီး ဖြစ်သည်။ ထို့ပြင်ဆီနိုဖမ်းကုမ္ပဏီသည် ၎င်း၏ဝန်ထမ်းနှင့်မိသားစု ၉၀ ရာခိုင်နှုန်းကို အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးထားပြီးဖြစ်ပြီး ဘရာဇီး၊ အင်ဒိုနီးရှားနှင့် တူရကီနိုင်ငံတို့၌   နောက်ဆုံးအဆင့် စမ်းသပ်မှုများပြုလုပ်နေကြောင်း သိရသည်။

Ref: The Straits Times