မြစ်ကြီးနားမြို့၊ ဗလမင်းထင်တံတား၌ မူးယစ်ဆေးဝါးသယ်ဆောင်လာသူအားဖမ်းဆီးရမိ

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဗလမင်းထင်တံတား၌ လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယာဉ်ဖြတ်သန်းသွားလာမှုများအားစစ်ဆေးစဉ် စက်တင်ဘာ ၁၆ ရက် ည ၉ နာရီခွဲခန့်တွင် ဝိုင်းမော်မြို့ဘက်မှ မြစ်ကြီးနားမြို့ဘက်သို့ မောင်းနှင်လာသော HONLING-125 အမျိုးအစား မော်တော်ဆိုင်ကယ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ် မောင်းနှင်သူ အားလာ(ဘ)ဦးနော်လောန်ထံမှ ဘိန်းဖြူ ၂၀ ဂရမ်ခန့်နှင့် ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၄၂၀ ပြား(မူးယစ်ဆေးဝါးစုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂ သိန်းကျော်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ အဆိုပါမူးယစ်ဆေးဝါးများ၊ မော်တော်ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိသူအား မြစ်ကြီးနားမြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။