တောင်အာဖရိက၌ ဖိုင်ဇာကာကွယ်ဆေးက ဆေးရုံတက်ရမှုကို လျှော့ချပေးနိုင်

တောင်အာဖရိက၌ ဖိုင်ဇာကာကွယ်ဆေးက ဆေးရုံတက်ရမှုကို လျှော့ချပေးနိုင်

    တောင်အာဖရိကနိုင်ငံ၌  အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့နေစဉ်  ဖိုင်ဇာနှင့် ဘိုင်အိုအန်တက် ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးက ရောဂါဖြစ်ပွားသူများ အနေဖြင့် ဆေးရုံတက်ရောက်ရမှုကို ၇ဝ ရာခိုင်နှုန်းလျှော့ချပေးကြောင်း လေ့လာမှုတစ်ရပ်အရ သိရသည်။

ထိုလေ့လာမှုကို    တောင်အာဖရိက၏ အကြီးဆုံး  ပုဂ္ဂလိက ကျန်းမာရေးအာမခံ အဖွဲ့အစည်းဖြစ်သော DiscoveryHealth  က ဒီဇင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခြင်းဖြစ်သည်။

ထိုအဖွဲ့အစည်းအနေဖြင့် နိုဝင်ဘာ ၁၅ ရက်မှ ဒီဇင်ဘာ ၇ ရက်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ ၂၁၁ဝဝဝ ကျော်ကို အခြေခံ၍ လေ့လာထားခြင်းဖြစ်ပြီး ၎င်းတို့အနက် ၇၈ဝဝဝ ခန့်မှာ အိုမီခရွန် ကူးစက်မှုဖြစ်သည်ဟု မှတ်ယူထားသည်။

ထိုဗီဇပြောင်းရောဂါပိုးသည် နိုဝင်ဘာလမှစ၍ မျိုးရိုးဗီဇ ၇၈ ရာခိုင်နှုန်းပြောင်းလဲပြီး ထိုအရေအတွက်သည် ဒယ်တာဗီဇပြောင်း  ကိုဗစ်-၁၉ ရောဂါပိုးထက် ပိုများသည်။

တောင်အာဖရိကနိုင်ငံ၌ ပြီးခဲ့သည့် ရက်များအတွင်း တစ်ရက်လျှင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ အရေအတွက်  ၂ဝဝဝဝ ခန့်အထိ မြင့်တက်လာကြောင်း သိရသည်။