ရုရှားထုတ် ကိုဗစ်ကာကွယ်ဆေးများက အိုမီခရွန်ကိုထိရောက်စွာကာကွယ်နိုင်

မော်စကို၊ ကာကွယ်ဆေး

ရုရှားထုတ် ကိုဗစ်ကာကွယ်ဆေးများက အိုမီခရွန်ကိုထိရောက်စွာကာကွယ်နိုင်

ရုရှားနိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများဖြစ်သော Sputnik V နှင့် Sputnik Light တို့က လက်ရှိဖြစ်ပွားနေသော  အိုမီခရွန် ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးကို ထိရောက်စွာကာကွယ်နိုင်ကြောင်း ရုရှားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့က ထုတ်ပြန် သည်။

Sputnik V ကာကွယ်ဆေးကို ပုံမှန်အတိုင်းအကြိမ်ပြည့်ထိုးပြီး Sputnik Light ကိုထပ်တိုးကာကွယ်ဆေးအဖြစ်ထိုးပါက အချိန်ကာလ အားဖြင့် ခြောက်လကြာမြင့်သည့်တိုင် အိုမီခရွန်ဗီဇပြောင်းရောဂါပိုးကူးစက်မှုကို အပြည့်အဝကာကွယ်နိုင်ကြောင်း ထိုကာကွယ်ဆေး များကို ထုတ်လုပ်သော   ဂါမယ်လီယာသုတေသန ဌာနမှညွှန်ကြားရေးမှူး အလက်ဇန်းဒါးဂျင့်စဘာ့က ပြောသည်။

အိုမီခရွန်ဗီဇပြောင်းရောဂါပိုးအပေါ် အဆိုပါကာကွယ်ဆေးများ၏ ထိရောက်မှုကို သိရှိနိုင်စေရန်လုပ်ဆောင်သော သုတေသနများ၏  ကနဦးရလဒ်များကို ရည်ညွှန်း၍ ၎င်းကပြောခြင်းဖြစ်သည်။

အခြားသောကာကွယ်ဆေးကုမ္ပဏီများက ထုတ်ပြန်သောရလဒ်များကို အခြေခံနှိုင်းယှဉ်ကြည့်ရာ Sputnik V ကာကွယ် ဆေးသည်  ရောဂါပိုးကိုဟန့်တားနိုင်သည့် လုပ်ဆောင်ချက်ကျဆင်းမှုတွင်   အခြားကာကွယ်ဆေးများထက် ၃ ဆမှ ၇ ဆ အထိနည်းပါးသည်ကို တွေ့ရသည်။ ထို့ကြောင့် Sputnik Light ကိုထပ်တိုးကာကွယ်ဆေးအဖြစ်အသုံးပြုခြင်းသည် ကာကွယ်ဆေးများကြောင့်ရရှိသည့် ကိုယ်ခံအားလျော့နည်းမှုအတွက် အဖြေတစ်ရပ်ဖြစ်လာနိုင်ကြောင်းနှင့် အထူးသဖြင့် ဒယ်တာနှင့်အိုမီခရွန်တို့ ပေါင်းစပ်ဖြစ်ပေါ်မှု၏ အကျိုးဆက်ကို ကောင်းစွာလျှော့ချနိုင်မည်ဖြစ်ကြောင်း ရုရှားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ အမှုဆောင်အရာရှိ ချုပ်ကီရေး ဒီမီထရီယက်ကပြောသည်။

ကမ္ဘာ့ပထမဆုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအဖြစ်မှတ်ပုံတင်နိုင်သည့် Sputnik V ကာကွယ်ဆေးကို ယခုအခါ လူပေါင်း လေး ဘီလီယံ ကျော်ရှိသည့် နိုင်ငံပေါင်း ၇၁ နိုင်ငံတွင်အသုံးပြုနေပြီဖြစ်သည်။

အလားတူ Sputnik Light ကာကွယ်ဆေးကို နိုင်ငံပေါင်း ၂၀ ကျော်က သီးခြားကာကွယ်ဆေးအနေဖြင့်လည်းကောင်း၊ အခြား ကာကွယ် ဆေးများထိုးပြီးနောက် ထပ်တိုးကာကွယ်ဆေးအနေဖြင့်လည်းကောင်း မှတ်ပုံတင်အသုံးပြုနေပြီဖြစ်သည်။

အဆိုပါကာကွယ်ဆေးနှစ်မျိုးစလုံးသည် လူသားတို့၏ လည်ချောင်းပသိတွင် ကပ်ငြိနိုင်သော ရောဂါပိုးကိုအခြေခံထုတ်လုပ်ထားသည့် ကာကွယ်ဆေးများဖြစ်ပြီး ထိုနည်းပညာကိုလွန်ခဲ့သောနှစ်ပေါင်း ၃၀ ကျော်ကတည်းက ကိုယ်ခံအားအတွက် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုထားကြောင်း သိရသည်။                  

Ref: Sputnik