နိုင်ငံတော်နှင့် တပ်မတော်အတွက် လက်ရုံးရည် နှလုံးရည်ပြည့်ဝသော ဆေးသိပ္ပံပညာရှင် အရာရှိကောင်းများကို မွေးထုတ်ပေးလိုက်သည့် တပ်မတော် ဆေးတက္ကသိုလ်မှ တာဝန်ရှိသူနှင့် သင်တန်းဆင်း ဗိုလ်လောင်းများ၏ စကားသံများ

နိုင်ငံတော်နှင့် တပ်မတော်အတွက် လက်ရုံးရည် နှလုံးရည်ပြည့်ဝသော ဆေးသိပ္ပံပညာရှင် အရာရှိကောင်းများကို မွေးထုတ်ပေးလိုက်သည့် တပ်မတော် ဆေးတက္ကသိုလ်မှ တာဝန်ရှိသူနှင့် သင်တန်းဆင်း ဗိုလ်လောင်းများ၏ စကားသံများ

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံသူ၊ နိုင်ငံသားများ ကျန်းမာကြံ့ခိုင်မှုသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ အာရောဂျံ ပရမံ လာဘံဟူသည့် စကားနှင့်အညီ ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး ဖြစ်ပြီး ကျန်းမာမှ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်ဖြစ်သည်။ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့၏ အစိတ်အပိုင်းတစ်ခုဖြစ်သော တပ်မတော်ဆေးတက္ကသိုလ်၏ရည်ရွယ်ချက်ဖြစ်သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) အတွက် လိုအပ်သော လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် ဆေးသိပ္ပံပညာရှင် အရာရှိကောင်းများ မွေးထုတ်ပေးရန်ဆိုသည်နှင့်အညီ တပ်မတော်သား ဆေးဘက်ဆိုင်ရာအရာရှိများကို စဉ်ဆက်မပြတ်မွေးထုတ်ပေးလာခဲ့ ရာ အမှတ်စဉ် (၂၂) အထိ တိုင်ခဲ့ပြီဖြစ်သည်။ ဒီဇင်ဘာ ၂ဝ ရက်တွင် သင်တန်းဆင်းခဲ့သည့် တပ်မတော်ဆေးတက္ကသိုလ် အမှတ်စဉ် (၂၂) ဗိုလ်လောင်းသင်တန်းမှ တာဝန်ရှိသူနှင့် ဗိုလ်လောင်းများ၏စကားသံများကို ဖော်ပြပေးလိုက်ပါသည်။

ဒုတိယဗိုလ်မှူးကြီးစိုးသီဟ  (ဗိုလ်လောင်းတပ်ရင်းမှူး)

ပဏာမရွေးချယ်ထားတဲ့ ဗိုလ်လောင်း တွေ ဆေးစစ်အောင်မြင်ပြီးရင် ဆေးဘက် ဆိုင်ရာအရာရှိတွေဖြစ်လာဖို့အတွက် စစ် ပညာအပါအဝင် ဆေးပညာဘွဲ့သင်တန်း ကို ခုနစ်နှစ်၊ သွားဘက်ဆိုင်ရာဆေးပညာ ဘွဲ့သင်တန်းကို  ခြောက်နှစ်  လေ့ကျင့် သင်ကြားပေးမှာဖြစ်ပါတယ်။ ဗိုလ်လောင်း တစ်ဦးအဖြစ် စတင်တာဝန်ထမ်းဆောင် ချိန်ကစပြီး   ဗိုလ်လောင်းတွေလိုက်နာဖို့ အထွေထွေစည်းကမ်းချက်တွေ စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးသွားမှာဖြစ်ပါတယ်။ ဗိုလ်လောင်းတစ်ဦးဖြစ်လာရင် သင်တန်း နှစ်အလိုက် လစဉ် လစာငွေရရှိခြင်း၊ ဗိုလ် လောင်းတစ်ဦးရသင့်ရထိုက်တဲ့ ရိက္ခာနှုန်း ထားအတိုင်း  နံနက်စာကို  ကြက်ဥပြုတ် တစ်လုံး၊ လက်ဖက်ရည်တစ်ခွက်နဲ့ တခြား အာဟာရရှိတဲ့အစားအစာတွေ ကျွေးမွေးပါ တယ်။ နေ့လယ်စာကို အသားဟင်း၊ အစိမ်း ကြော်၊  ပဲဟင်းချို၊  ညနေစာကို အသား ဟင်း၊ အစိမ်းကြော်၊ ဟင်းချိုနဲ့ နွားနို့တစ် ခွက်ကျွေးမွေးပါတယ်။ ဗိုလ်လောင်းတစ်ဦး အဖြစ် စတင်ရောက်ရှိပြီဆိုတာနဲ့ စစ်သည် ဆောင်ပစ္စည်း (ထောက်-၂၅)  ထုတ်ပေး ခြင်း၊ ခုတင်၊ စားပွဲ၊ ကုလားထိုင်၊ စာအုပ် စင်၊  ဗီရိုတစ်လုံးစီရရှိမှာဖြစ်ပြီး ရေ၊  မီး အစုံနဲ့  စတင်သင်ကြားခွင့်ရရှိမှာဖြစ်ပါ တယ်။  တပ်မတော်ဆေးတက္ကသိုလ်  ဗိုလ် လောင်းတွေကို ဆေးပညာအခြေခံနှစ်က စပြီး အလုပ်သင်ဆရာဝန်အထိ   စစ်သည် တော်ကောင်းတစ်ဦး တတ်မြောက်ရမယ့် ကိုယ်စီ ၁၈ ပုဒ် သင်ခန်းစာကနေအစပြုပြီး ခြေလျင်တပ်စုမှူးတစ်ဦး  နားလည်တတ် မြောက်ရမယ့် စစ်နည်းဗျူဟာ၊ အထူးစစ် နည်းဗျူဟာဘာသာရပ်တွေအထိ စာတွေ့ လက်တွေ့သင်ကြားပေးပါတယ်။ ဒါ့ပြင်  အုပ်ချုပ်မှုဘာသာရပ်၊ ဦးစီးတာဝန်ဘာသာ ရပ်နဲ့ စစ်ဥပဒေဘာသာရပ်တွေကို သင် တန်းနှစ်အလိုက် သင်ကြားလေ့ကျင့်ပေး ပါတယ်။    ကျန်းမာကြံ့ခိုင်မှုပြည့်ဝစေဖို့ အတွက်  နံနက်၊  ညနေ  အပြေးတက်လေ့ကျင့်ခြင်း၊ မြန်မာ့သိုင်း၊ ရေကူး၊ သစ်လုံး၊ ဂမ်းပီတီများ လေ့ကျင့်သင်ကြားပေးခြင်း၊   ယုံကြည်မှုအတားအဆီးများ   ဖြတ်ကျော် စေခြင်း   စတဲ့လေ့ကျင့်မှုတွေ ဆောင်ရွက် ပေးပါတယ်။ ဗိုလ်လောင်းတစ်ဦးချင်း စိတ် ဓာတ်စည်းကမ်းကောင်းမွန်စေဖို့အတွက်     ဗိုလ်လောင်းလုပ်ထုံးလုပ်နည်းစနစ်ပါ ဗိုလ် လောင်းများလိုက်နာဖို့ အထွေထွေစည်း ကမ်းချက်တွေအတိုင်း သိရှိလိုက်နာဆောင် ရွက်စေခြင်း၊ နေ့စဉ်  နံနက် ၅  နာရီ အိပ်ရာထချိန်ကနေ  ညမီးပိတ်ချိန်  ၁ဝ နာရီအထိ ဗိုလ်လောင်းတစ်ဦးလုပ်ဆောင် ရမယ့် လုပ်ငန်းဆောင်တာတွေကို တက် တက်ြ<ွကြ<ွကလုပ်ဆောင်စေခြင်း၊ ယုံကြည် ချက်၊ ခံယူချက်မြင့်မားလာစေဖို့ အပတ်စဉ် ဆွေးနွေးပွဲများဆောင်ရွက်ပေးခြင်း၊ ဗိုလ် လောင်းတပ်ရင်းစာကြည့်တိုက်၊ ကျောင်း စာကြည့်တိုက်တို့မှာ  တပ်မတော်သမိုင်း၊ တပ်မတော်နဲ့ပတ်သက်တဲ့စာအုပ်၊     စာ စောင်တွေ   ဖတ်ရှုနိုင်ရေး  စီစဉ်ဆောင် ရွက်ပေးထားခြင်း၊   တပ်မတော်ဂုဏ်ပြု ဇာတ်လမ်းများ  အပတ်စဉ်အလိုက် ပြသ ပေးခြင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေဖို့ အပတ်စဉ်အလိုက် ဗိုလ်လောင်းတာဝန်ကျ များခန့်အပ်ပြီး ဗိုလ်လောင်းအချင်းချင်း အနီးကပ်ကြီးကြပ်ကွပ်ကဲထိန်းချုပ်စေခြင်း၊    နည်းပြအရာရှိကြီးတွေက  ခေါင်းဆောင်မှု ဘာသာရပ်တွေ သင်ကြားပို့ချရာမှာ ကိုယ် တွေ့ဖြစ်ရပ်တွေ၊   သာဓကဖြစ်စဉ်တွေနဲ့ ရှင်းလင်းဆွေးနွေးပေးခြင်းဖြင့် လေ့ကျင့် ပျိုးထောင်ပေးလျက်ရှိပါတယ်။    ဗိုလ်လောင်းတွေက မိဘတွေနဲ့ခွဲပြီး သင်တန်း တက်ရောက်နေတာဖြစ်တဲ့အတွက် ဗိုလ် လောင်းတပ်ခွဲမှူး၊ ဗိုလ်လောင်းတပ်စုမှူးအရာရှိတွေအနေနဲ့  မိဘသဖွယ်  ဗိုလ် လောင်းတစ်ဦးချင်းစီရဲ့ စိတ်ဓာတ်၊ စည်း ကမ်းကောင်းမွန်ရေး၊ ပျော်ရွှင်ရေး၊ ကျန်းမာ ရေးနဲ့ ကိုယ်ရေးကိုယ်တာကိစ္စရပ်တွေကို အပြည့်အဝကြည့်ရှုစောင့်ရှောက်ပေးလျက် ရှိပါတယ်။   ဗိုလ်လောင်းတွေ   ကျန်းမာ ပျော်ရွှင်စွာ   သင်တန်းတက်ရောက်နိုင်ဖို့     ကျောင်းအနေနဲ့လည်း လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲနဲ့    ထမနဲထိုးပြိုင်ပွဲတွေမှာ    ဗိုလ်လောင်းတွေပါဝင်စေခြင်း၊  စုပေါင်း ရဟန်းခံရှင်ပြုပေးခြင်း၊ ကျောင်းအုပ်ကြီး ဒိုင်း အောင်စစ်သည်အမှတ်ပေးဘောလုံး ပြိုင်ပွဲ၊   ရေကူးပြိုင်ပွဲ၊   စားပွဲတင်တင်းနစ် ပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ လက်ဝှေ့ပြိုင်ပွဲ နဲ့  ပိုက်ကျော်ခြင်းပြိုင်ပွဲ  စတဲ့အားကစား ပြိုင်ပွဲတွေကို  လစဉ်ကျင်းပပေးခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိပါတယ်။    ဗိုလ် လောင်း သင်တန်းအမှတ်စဉ်   (၁)  ကနေ ယခု  ဗိုလ်လောင်းသင်တန်း  အမှတ်စဉ် (၂၂) အထိ ကျောင်းဆင်းအရာရှိ  ၃၉ ဦး အပါအဝင် ဆေးမှူးအရာရှိ စုစုပေါင်း  ၄၈၉၁ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။

ဗိုလ်လောင်းဇေယျာမျိုးနောင်   (အောင်စစ်သည်ဆု)

ကျွန်တော်က ဗိုလ်လောင်းဇေယျာမျိုး နောင်ပါ။ မန္တလေးတိုင်းဒေသကြီး မလှိုင် မြို့နယ် ပန်းအိုင်ရွာကနေ ဒီကျောင်းကို တက်ရောက်တာပါ။ ဒီသင်တန်းမှာရတဲ့ ဆုက အောင်စစ်သည်ဆုပါ။ ကျွန်တော် တာဝန်ကျရာဒေသတွေမှာ ကျွန်တော်တတ် စွမ်းတဲ့ဆေးပညာတွေနဲ့ တပ်မတော်သား မိသားစုတွေအပါအဝင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအတွက်    လိုအပ်တဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးသွားပါမယ်။  ဒါ့ပြင်  ပြည်သူ တွေရဲ့   အသက်အိုးအိမ်စည်းစိမ်တွေကို လည်း    အတတ်နိုင်ဆုံးကာကွယ်စောင့် ရှောက်ပေးသွားမှာပါ။ ကျွန်တော်ကတော့ အနာဂတ်မှာ ထူးချွန်တဲ့သမားတော်ကြီး ဖြစ်ချင်ပါတယ်။ ကျွန်တော်တို့ ဒီကျောင်း မှာ စတက်ပြီဆိုကတည်းက စာပေပိုင်းနဲ့ လေ့ကျင့်ရေးပိုင်းဆိုပြီး အဓိကနှစ်ပိုင်းရှိပါ တယ်။   စာပေပိုင်းမှာ   သင်ကြားပေးတဲ့ ဆရာတွေရော လေ့ကျင့်ရေးပိုင်းမှာ သင် ကြားပေးတဲ့ဆရာတွေပါ ကျွန်တော်တို့ကို တကယ့်မိသားစုလို၊ သားသမီးလို သေချာ ပြုစုစောင့်ရှောက် သင်ကြားပေးပါတယ်။ ကျွန်တော်   ဒီဆုရအောင်   စာပေရော လေ့ကျင့်ရေးပိုင်းမှာပါ စတင်တက်ရောက် ကတည်းက သေချာကြိုးစားပြင်ဆင်အား ထည့်ခဲ့ပါတယ်။ စာပေပိုင်းမှာဆိုရင် ကျွန်တော်တို့ဖြေဆိုရတဲ့ စာတွေ့ လက်တွေ့တွေမှာ သေချာအကောင်းဆုံး ဖြေဆိုခဲ့ပါတယ်။ လေ့ကျင့်ရေးပိုင်းမှာဆိုရင်လည်း တပ်မတော်ဆေးတက္ကသိုလ်က ချမှတ်ထားတဲ့    စည်းကမ်းတွေကို  တစ်သဝေမတိမ်းလိုက်နာခဲ့ပါတယ်။ ပြစ်ဒဏ်တွေကျခြင်း မရှိအောင်လည်း ကြိုးစားနေထိုင်ခဲ့ပါတယ်။ ဒီကျောင်းမှာတက်နေတဲ့ ညီငယ်တွေအနေ နဲ့   တပ်မတော်ဆေးတက္ကသိုလ်ကချမှတ် ထားတဲ့စည်းကမ်းတွေကို     အတိအကျ လိုက်နာဆောင်ရွက်ကြပါ။ သင်ကြားပေး တဲ့ဆေးပညာကိုလည်း   အပတ်တကုတ် တတ်စွမ်းသမျှလေ့လာသင်ယူကြပါ။ မိမိတို့ ဖြစ်တည်မှုကို မိဘတွေက အမြဲတမ်းဂုဏ် ယူနေနိုင်အောင် တတ်နိုင်သမျှနေထိုင်ကြ ပါ။   တပ်မတော်ဆေးတက္ကသိုလ်ရဲ့ဂုဏ် ကိုမြှင့်တင်နိုင်အောင်ကြိုးစားကြပါလို့ ပြောချင်ပါတယ်။

ဗိုလ်လောင်းမြတ်မင်းသူ   (လေ့ကျင့်ရေးထူးချွန်ဆု)

ကျွန်တော်က ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်   ဇာတိဖြစ်ပါတယ်။ အဖေက   မူလတန်းကျောင်းအုပ်ဖြစ်ပြီး အမေက အလယ်တန်းပြဆရာမဖြစ်ပါ တယ်။ ကျွန်တော့်မှာ မွေးချင်းသုံးယောက် ရှိတယ်။ ကျွန်တော်က တက္ကသိုလ်ဝင်တန်း ကို ဂုဏ်ထူးလေးဘာသာနဲ့ အောင်ခဲ့တယ်။  ဒီတပ်မတော်ဆေးတက္ကသိုလ်ကို  ရွေးချယ် တက်ရောက်ဖြစ်ခဲ့တာကတော့ တပ်မတော် သားဆရာဝန်ကောင်းတစ်ဦးဖြစ်ချင်လို့ပါ။ ဒါကြောင့် ရွေးချယ်ဖြစ်ခဲ့တာပါ။ အရင်က တပ်မတော်နဲ့ပတ်သက်ပြီး  ကျွန်တော့်ရဲ့ ဆွေမျိုးသားချင်းတွေထဲမှာ တစ်ဦးမှမရှိပါဘူး။ ဆွေမျိုးထဲမှာ တပ်မတော်သားတစ်ဦး ဖြစ်ခွင့်ရတာ   ကျွန်တော်ပထမဆုံးပဲလို့ ပြောရမှာပါ။ ကျွန်တော်ဖြစ်ချင်တဲ့ဆန္ဒကို လည်း   မိဘတွေက  မကန့်ကွက်ကြဘူး။ အဲဒီအတွက်လည်း အဖေ့ကိုရော အမေ့ ကိုပါ ကျေးဇူးတင်ပါတယ်။ သင်တန်းမှာ လေ့ကျင့်ရေး ထူးချွန်ဆုရတာကတော့ တပ်မတော်ဆေးတက္ကသိုလ်က ချမှတ်ထားတဲ့ စစ်စည်းကမ်းတွေကို သေချာလိုက်နာပြီး သွားလာနေထိုင်ဆောင်ရွက်ခဲ့သလို ပညာ သင်နှစ်ခြောက်နှစ်တာမှာ  စာပေပညာကို လည်း သေချာကြိုးစားခဲ့လို့ပါ။ ကျွန်တော် တို့မှာ   နှစ်အလိုက်   စစ်ပညာသင်ကြားရ တာတွေရှိပါတယ်။ တစ်ဖက်က စစ်ပညာ တွေကိုသင်ရင်း တစ်ဖက်မှာလည်း ဆေး ပညာရပ်တွေ သင်ကြားရတာပါ။ ပင်ပန်း တယ်ဆိုပေမယ့် စစ်ပညာသင်ကြားတဲ့ အချိန်မှာ အလေးထားအားစိုက်ခဲ့ပါတယ်။လက်ရှိတပ်မတော် ဆေးတက္ကသိုလ်မှာ တက်ရောက်ဆဲ ညီငယ်တွေနဲ့  နောက်ထပ် တက်ရောက်ကြမယ့်   ညီငယ်တွေ အနေနဲ့  ဒီဆေးတက္ကသိုလ်က ချမှတ်ထားတဲ့ စည်းကမ်းတွေကို သေချာလိုက်နာပြီး သင်ကြား ပေးတဲ့ဆေးပညာရပ်တွေကို   နှစ်အလိုက် အတန်းလိုက်  ကျက်မှတ်ကြိုးစားသင်ယူ စေချင်ပါတယ်။  ဒါမှလည်း  ပြည်သူကို အကျိုးပြုမယ့်၊      ပြည်သူကအားထားရမယ့်   တပ်မတော်သားဆရာဝန်ကောင်း တစ်ယောက်ဖြစ်လာမှာပါ။   တပ်မတော် သားဆရာဝန်ကောင်း တစ်ယောက်ဖြစ်ဖို့က ကျွန်တော့်ရဲ့ အနာဂတ်ရည်ရွယ်ချက်ပါပဲ။ အဲဒီလိုဖြစ်အောင်လည်း ကြိုးစားသွားမှာ ပါ။   တာဝန်ကျတဲ့  တပ်ဆေးရုံကိုရောက် ရင်လည်း  တပ်မတော်သားတွေ၊  မိသားစု ဝင်တွေနဲ့  ဒေသခံပြည်သူတွေကို   ကျွန် တော်တတ်မြောက်ထားတဲ့  ဆေးပညာရပ် တွေနဲ့ ကာကွယ်စောင့်ရှောက်ပေးသွားမှာ ပါ။

ဗိုလ်လောင်းဆက်နိုင်အောင် (စာပေထူးချွန်ဆု)

ကျွန်တော်က မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်ကပါ။ အဖေနဲ့အမေနှစ် ယောက်စလုံးက ကျောင်းဆရာ၊ ဆရာမ တွေပါ။ ကျွန်တော် တက္ကသိုလ်ဝင်တန်း ကို ဂုဏ်ထူး ငါးဘာသာနဲ့ အောင်မြင်ခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင် တပ်မတော်သား ဆရာဝန်တစ်ယောက်ဖြစ်ချင်ပြီး  အဖေနဲ့ အမေတို့ကလည်း   အားပေးတာကြောင့် တပ်မတော်ဆေးတက္ကသိုလ်တက်ဖို့ ရွေး ချယ်ဖြစ်ခဲ့တာပါ။ ကျွန်တော်က ဒီသင်တန်း  ကာလတစ်လျှောက်လုံးမှာ   ကျောင်းကချမှတ်ထားတဲ့စည်းကမ်းကို လိုက်နာတယ်။

စာမေးပွဲတွေနဲ့ပတ်သက်ရင်    စာပေမှာရော လေ့ကျင့်ရေးမှာပါ ကိုယ်တတ်နိုင်သလောက် အကောင်းဆုံးကြိုးစားတယ်။ ကိုယ်က  ဆရာဝန်လုပ်မှာ ဖြစ်တဲ့အတွက် စာတွေကိုလည်း   ကြိုးစားသင်ယူဖြေဆိုခဲ့ပါတယ်။ ဒီမှာက   အဖွဲ့အစည်းနဲ့ လုပ်ရတာဖြစ်တဲ့အတွက်ကြောင့် သူများလုပ်ရင်  ကိုယ်လည်းလုပ်ရတယ်။ သူများလုပ်နိုင်ရင်  ကိုယ်လည်း လုပ်နိုင်ရမယ်ဆိုတဲ့   စိတ်ဓာတ်မျိုးတော့  ထားတတ်ရတယ်။စာပေထူးချွန်ဆုရတဲ့အပေါ်မှာ ဝမ်းသာပီတိဖြစ်ရပါတယ်။ ကျွန်တော် ကြိုးစားခဲ့လို့     ဒီဆုကို ရတယ်လို့ပဲ ခံယူပါတယ်။ ညီငယ်တွေကိုလည်း ဒီကျောင်းကိုလာစေချင်တယ်။ ကြိုဆိုပါတယ်။

ဒီမှာက   စာပေပိုင်းနဲ့ရော   လေ့ကျင့်ရေးပိုင်းနဲ့ပါ   မျှတအောင် သင်ကြားပေးတာကို တွေ့ရပါတယ်။     စာပေပိုင်းမှာဆိုရင်   ပထမနှစ်ကနေ  နောက်ဆုံးနှစ် ပတ်တူးအထိသင်ပေးတယ်။ အတန်းကြီးလာတာနဲ့အမျှ     ဆေးရုံတွေမှာဆိုရင်လည်း လက်တွေ့သင်ကြားတာတွေ၊ လူနာတွေနဲ့  တွေ့ဆုံတာတွေ၊ နောက်ဆုံး အလုပ်သင် ဆရာဝန် တစ်နှစ်ဆင်းတဲ့အချိန်မှာလည်း လူနာတွေအများကြီးနဲ့   တွေ့ခဲ့ရတယ်။ လက်တွေ့နယ်ပယ်မှာလည်း တော်တော် များများသင်ကြားခဲ့ရတယ်။အဲဒီတော့ သင်ကြားရေးပိုင်းမှာ ပြည့်ပြည့်စုံစုံလေ့လာ သင်ကြားခဲ့ရပါတယ်။ ကျွန်တော့်ရဲ့အနာ ဂတ်ရည်ရွယ်ချက်ကတော့ ဒီဆေးပညာရပ်လမ်းကိုပဲ ဆက်လျှောက်မှာဖြစ်ပါတယ်။ ထူးချွန်တဲ့တပ်မတော်သားဆရာဝန်ကောင်း တစ်ယောက်ဖြစ်အောင် ဆက်လက်ကြိုးစား သွားမှာပါ။ တာဝန်ကျမယ့်ဒေသတွေမှာလည်း  တာဝန်ကျေပွန်အောင်၊သမားဇာနည်တစ်ယောက်ဖြစ်အောင်၊ထူးချွန်တဲ့ ဆရာဝန်ကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားပြီး   တပ်မတော်နဲ့ပြည်သူတွေရဲ့ အကျိုးကို စောင့်ရှောက်ပေးသွားမှာပါ။

 ဗိုလ်လောင်းမျိုးသူအောင် (ကချင်တိုင်းရင်းသား)

ကျွန်တော်က   ကချင်ပြည်နယ်   မိုးကောင်းမြို့နယ် တောင်နီကျေးရွာမှာနေပါ တယ်။    ကျွန်တော့်မိဘနှစ်ပါးကတော့ တောင်ယာလုပ်ငန်း လုပ်ကိုင်ကြပါတယ်။ မွေးချင်းကတော့ လေးဦးရှိပါတယ်။ အစ်မ အကြီးဆုံးက သူနာပြု၊ အစ်မအလတ်က မီးသတ်တပ်ဖွဲ့က ဝန်ထမ်းပါ။ ညီမအငယ် ကတော့   ဆရာအတတ်သင်တက်နေပါ တယ်။  ကျွန်တော်တို့ဘက်မှာ  ဆေးရုံ ဆေးခန်းတွေကဝေးတယ်။ ကျန်းမာရေး ကိစ္စဖြစ်လို့ အရေးပေါ်လာပြီဆိုရင်လည်း  ဆေးခန်းပြဖို့၊   ဆရာဝန်ပင့်ဖို့အတွက် သွားလာရေးခက်ခဲပါတယ်။ ကျွန်တော်စဉ်းစားမိတာက ကိုယ့်နယ်က ဆရာဝန်တစ်ယောက် ထွက်ပေါ်လာရင် ကိုယ့်နယ်ဒေသကလူတွေကို အနည်းဆုံးတော့ ပြန်ပြီးကြည့်ရှုကုသပေးလို့ရတယ်ဆိုတဲ့ အသိစိတ်နဲ့ ဆရာဝန်ဖြစ်ချင်ခဲ့တယ်။ တက္ကသိုလ်ဝင်တန်းကို    ဂုဏ်ထူးလေးဘာသာနဲ့   အောင်မြင်တဲ့အခါမှာတော့   ကိုယ့်ဒေသလုံခြုံမှုနဲ့ ဆေးကုသမှုတွေကိုပါ ပေးနိုင်ဖို့ တပ်မတော်ဆေးတက္ကသိုလ်ကို ရွေးချယ်ပြီး   ဆရာဝန်ကောင်း တစ်ယောက်ဖြစ်ဖို့ တက်ဖြစ်ခဲ့တာပါ။ သင်တန်းကိုရောက်ခါစက        အိမ်နဲ့လည်းဝေးခဲ့ရတော့ အိမ်ကိုလွမ်းပါတယ်။အခု  သင်တန်းကာလ ကြာလာတာနဲ့အမျှ  နေသားကျလာပါတယ်။ ဆေးပညာနဲ့ပတ်သက်ပြီး စာတွေ့ လက်တွေ့လည်း တစိုက်မတ်မတ် ကောင်းကောင်းသင်ကြား လေ့လာနိုင်ခဲ့ပါတယ်။   သင်တန်းမှာက   နှစ်အလိုက်၊ဘာသာရပ်အလိုက်  သင်ကြားတာတွေတော့ရှိတယ်။ပထမနှစ်မှာတော့ တပ်မတော်စစ်ဘက်ဆိုင်ရာနဲ့ ပတ်သက်တဲ့ အခြေခံဘာသာတွေသင်ကြားတယ်။ ဒုတိယနှစ်ကစပြီးတော့ ဆေးပညာနဲ့ ပတ်သက်တာတွေ၊ လက်တွေ့အနေနဲ့ ဆေးရုံသွားတာတွေ၊ စာတွေ့အနေနဲ့ ကျောင်းမှာစာတွေပြန်သင်တာတွေကို သင်ကြားပါတယ်။ ကျွန်တော်တို့ကျောင်းရဲ့ ဆောင်ပုဒ်အတိုင်း ဆရာဝန်တစ်ယောက်ရဲ့ကုသမှု၊လူနာအပေါ်   ပြုစုစောင့်ရှောက်မှုတွေအတိုင်း တတ်နိုင်သမျှ အကုန် လုပ်ဆောင်ပေးသွားမှာပါ။ အခု သင်တန်းကဆင်းလို့ ကျောင်းပြီးသွားပြီဆိုရင် ဘွဲ့လွန်နှစ်နှစ်တက်ရမယ်။ အဲဒီအတွက် ကျွန်တော်နှစ်သက်တဲ့ ဘာသာတစ်ခုကို ရွေးချယ်ဖြေဆိုပြီး အဆုံးထိ တက်လှမ်းဖို့ ရည်ရွယ်ထားပါတယ်။ ဆေးပညာနဲ့ပတ်သက်ပြီး    ဘာသာရပ်တွေအလိုက် သင်ကြားခဲ့ရတယ်။

အခုလို ကျွန်တော့်ကို တပ်မတော်သား ဆရာဝန်တစ်ယောက်ဖြစ်အောင် မွေးထုတ်ပေးခဲ့တဲ့ တပ်မတော်ကို အရင်ဆုံးကျေးဇူးတင်ရမှာပါ။ ကျွန်တော် တပ်မတော်သား ဆရာဝန်ကောင်း တစ်ယောက်ဖြစ်ဖို့ အတွက် လေ့ကျင့်သင်ကြားပေးခဲ့တဲ့ လေ့ကျင့်ရေးပိုင်း၊   စာပေပိုင်းနဲ့  ဆေးပညာပိုင်းကဆရာ၊ ဆရာမအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။