ပဲခူး PDF အမည်ခံအကြမ်းဖက်အဖွဲ့မှ တရားခံများအား လက်နက်/ခဲယမ်းများနှင့် အတူ ဖမ်းဆီးရမိ

ပဲခူး PDF အမည်ခံအကြမ်းဖက်အဖွဲ့မှ တရားခံများအား လက်နက်/ခဲယမ်းများနှင့် အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ ဒီဇင်ဘာလ - ၂၁

               နိုင်ငံတော်အစိုးရအနေဖြင့် CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက် အဖွဲ့များမှ ပြည်သူလူထု အထိတ်အလန့်ဖြစ်စေရန်အတွက် ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များ အား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများအား နေ့/ညမပြတ် ဆောင်ရွက် လျက်ရှိရာ အေးချမ်းစွာနေထိုင်လိုသည့် တာဝန်သိပြည်သူများ၏ သတင်း ပေးချက်အရ ဒီဇင်ဘာလ ၁၂ ရက်တွင် ပဲခူးမြို့အတွင်း ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်း များလုပ်ကိုင် ဆောင်ရွက်လျက်ရှိသော ပဲခူး PDF အမည်ခံအကြမ်းဖက်အဖွဲ့မှ ခန့်လင်းနိုင်(ခ)ကိုခန့် (၁၉)နှစ် သည် ပဲခူးမြို့မှ ခရီးသည်တင်ယာဉ်လိုင်းဖြင့် မန္တလေး မြို့သို့ လိုက်ပါလာကြောင်း သိရှိရသဖြင့် လုံခြုံရေးပူးပေါင်းအဖွဲ့မှ ပိတ်ဆို့ရှာဖွေခဲ့ရာ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် (၁၅၈)၌ ခန့်လင်းနိုင်(ခ)ကိုခန့်အား ဖမ်းဆီး ရမိခဲ့သည်။

               တရားခံ ခန့်လင်းနိုင် (ခ) ကိုခန့် ၏ ထွက်ဆိုချက်အရ ပဲခူးမြို့တွင် ဖောက်ခွဲရေး လုပ်ငန်းများလုပ်ကိုင်လျက်ရှိသည့် မြတ်ကိုကိုလင်း(ခ)မင်းဘုန်းမဟာ (၂၅)နှစ်၊ ပြည့်ဖြိုးအောင်(ခ)ကိုပြည့်(၂၂)နှစ်၊ ဇင်ဝင်းထွန်း(၂၅)နှစ်နှင့် အောင်ဇာထွန်း (၄၁)နှစ်တို့ ၄ ဦးအား ပဲခူးမြို့၊ ရပ်ကွက်ကြီး(၆)ရှိ အဆောင်၌ ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၁၀ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်ဗုံး ၁ လုံး၊ ယမ်းထုပ် ၄ ထုပ်၊ ဖုန်းမျိုးစုံ ၇ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

               တရားခံများ၏ ထွက်ဆိုချက်အရ ပဲခူးမြို့၊ ဥဿာမြို့သစ် ရပ်ကွက်ကြီး(၁)၊ အနော်ရထာလမ်း၌ ဝင်းဇော်သိန်း(ခ)ဦးဇာ(၃၆)နှစ်၊ ညီဘုန်းအောင်(ခ)မာလ(၁၈)နှစ် တို့ ၂ ဦးအား လက်လုပ်မိုင်း ၂ လုံးဖြင့်လည်းကောင်း၊ ဘုရားကြီးမြို့၊ အမှတ်(၂) ရပ်ကွက်၌ စိုးမင်းထွန်း(ခ)မုတ်ဆိတ်(၂၉)နှစ်အား လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ သည်။

               တရားခံ မြတ်ကိုကိုလင်း (ခ) မင်းဘုန်းမဟာ ၏ ထွက်ဆိုချက်အရ ဒီဇင်ဘာလ ၁၃ ရက်တွင် ပဲခူးမြို့နယ်၊ ထားဝယ်အင်းကျေးရွာနေ ဖမ်းဆီးရန်ကျန် ဘိုဘိုအောင်(၃၂)နှစ်၏ နေအိမ်မှ လက်ပစ်ဗုံး ၁ လုံး၊ TNT ယမ်း ၃ တုံး၊ ယမ်းပြင်း ၇ ထုပ်နှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။

               ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဒီဇင်ဘာလ ၁၄ ရက်တွင် ပဲခူး PDF အမည်ခံအကြမ်းဖက်အဖွဲ့မှ သန့်ဇင်ဝင်း(၄၁)နှစ်အား ဟင်္သာတမြို့နယ်၊ မရိုး သောင်အုပ်စု၊ လယ်တီကျေးရွာ၌လည်းကောင်း၊ ဟင်္သာတမြို့နယ်၊ သင်္ကန်းကုန်း ကျေးရွာအနီး လယ်ကွင်းအတွင်း၌ ဝေယံလွင်(ခ)ဂျာကြီး(၂၅)နှစ်နှင့် အောင်မျိုးသူ (၄၁)နှစ်တို့ ၂ ဦး အားလည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။

               တရားခံ မြတ်ကိုကိုလင်း (ခ) မင်းဘုန်းမဟာ ၏ ထွက်ဆိုချက်အရ ဒီဇင်ဘာလ ၁၆ ရက်တွင် ပဲခူးမြို့နယ်၊ ဂွေ့တန်းရှည်ကျေးရွာရှိ ဖမ်းဆီးရန်ကျန် မောင်ကျော် ၏ နေအိမ်မှ AK-47 သေနတ် ၂ လက်၊ ကျည်အိမ် ၂ ခု၊ ကျည်မျိုးစုံ ၅၂ တောင့်နှင့် လက်ပစ်ဗုံး ၉ လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။

               တရားခံများ၏ ထွက်ဆိုချက်အရ ဒီဇင်ဘာလ ၁၈ ရက်တွင် ပဲခူးမြို့၊ ဗိုလ်ကုန်းရပ်ကွက်၊ မာဃလမ်း၌ ကျော်လွင်(၆၄)နှစ်၊ မာလာမြင့်(၄၀)နှစ်၊ ထက်အောင်ကို (၁၇)နှစ်တို့ ၃ ဦးအား လက်လုပ်ဂတ်စ်သေနတ် ၃ လက်၊  လက်လုပ်ဗုံး ၄ လုံး၊ ဒီတိုနေတာများ၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ၊  မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံး ပြုသည့် ပစ္စည်းများနှင့်လည်းကောင်း၊ တရားခံ ထက်အောင်ကို ၏ ထွက်ဆိုချက်အရ ပဲခူးမြို့၊ ဗိုလ်ကုန်းရပ်ကွက်၌ စည်သူကျော်(ခ)စည်သူ(၂၁)နှစ်နှင့် ကျော်ဇောဦး (၃၄)နှစ်တို့ ၂ ဦးအားလည်းကောင်း၊ တရားခံ မာလာမြင့်၏ ထွက်ဆိုချက်အရ ပဲခူးမြို့၊ မြို့သစ်ရပ်ကွက်၊ ဇောတိကာရုံဘုန်းကြီးကျောင်းဝင်းအတွင်း၌ ထက်လင်းဦး(ခ)အိုဝမ်း (၂၇)နှစ်၊ ပြည့်ကိုကို(ခ)ကိုပြည့်(၂၉)နှစ်နှင့် ရဲနောင်(၂၃)နှစ်တို့ ၃ ဦးအား ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ ပွိုင့်-၃၈၀ ကျည် ၆၂ တောင့်တို့နှင့် လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။

                ဖြစ်စဉ်တွင် တရားခံအမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၁ ဦး၊ ပေါင်း ၁၉ ဦး တို့အား လက်နက်ငယ်မျိုးစုံ ၄ လက်၊ လက်လုပ်သေနတ် ၃ လက်၊ ကျည်အိမ်မျိုးစုံ ၅ ခု၊ ကျည်မျိုးစုံ ၁၂၄ တောင့်၊ လက်ပစ်ဗုံး ၁၂ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၇ လုံး၊ TNT ယမ်း ၃ တုံး၊ ယမ်းထုပ် ၁၁ ထုပ်၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။

              ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ မြတ်ကိုကိုလင်း (ခ)မင်းဘုန်းမဟာ၊ ခန့်လင်းနိုင်(ခ)ကိုခန့် ၊ ဇင်ဝင်းထွန်း၊ စိုးမင်းထွန်း(ခ)မုတ်ဆိတ် နှင့် ပြည့်ဖြိုးအောင် (ခ)ကိုပြည့်တို့ ၅ ဦးသည် KNLA တပ်မဟာ(၅)နယ်မြေ၌ လည်းကောင်း၊ ထက်လင်းဦး (ခ)အိုဝမ်းစည်သူကျော်(ခ)စည်သူ၊ ပြည့်ကိုကို(ခ)ကိုပြည့်၊ ရဲနောင်ဦးနှင့် ဖမ်းဆီး ရန်ကျန် ဟိန်းလေးတို့သည် KNLA တပ်မဟာ(၆)နယ်မြေ၊ လေးကေ့ကော်၌ လည်းကောင်း၊ ခန့်လင်းနိုင်(ခ)ကိုခန့် နှင့် ဇင်ဝင်းထွန်းတို့သည် TNLA တပ်မဟာ (၇) နယ်မြေ၌လည်းကောင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေး သင်တန်းများ တက်ရောက် ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

              ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ပဲခူးPDFအမည်ခံအကြမ်းဖက်  အဖွဲ့ အားဖမ်းဆီးရန်ကျန် ဇေလတ် (NLD ပါတီ၊ ပဲခူးမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း)မှ ဦးစီး၍ ဇွန်လ ၂၆ ရက်တွင် ဖမ်းဆီးရန်ကျန် မျိုးကိုနှင့် ရဲထွဋ်တို့ ဦးဆောင်ကာ မြတ်ကိုကိုလင်း(ခ)မင်းဘုန်းမဟာ၊ ခန့်လင်းနိုင်(ခ)ကိုခန့်၊ သန့်ဇင်ဝင်းဇင်ဝင်းထွန်း၊ ဝင်းဇော်သိန်း(ခ)ဦးဇာ၊ ညီဘုန်းအောင်(ခ)မာလ၊ စိုးမင်းထွန်း (ခ)မုတ်ဆိတ်၊ ပြည့်ဖြိုးအောင်(ခ)ကိုပြည့်၊ ဝေယံလွင်(ခ)ဂျာကြီး၊ အောင်မျိုးသူ၊ သာထူး၊ မင်းမင်းသန့်၊ အောင်ပြည့်ဖြိုးထက်ဆက်ညွန့်၊ ရန်နိုင်စည်သူဖြိုး တို့ဖြင့် လည်းကောင်း၊ ဟံသာဝတီ PDF အမည်ခံ အကြမ်းဖက်အဖွဲ့အား အောက်တိုဘာလ ၃၀ ရက် တွင် ထက်လင်းဦး (ခ)အိုဝမ်း ဦးစီး၍ စည်သူကျော် (ခ)စည်သူ၊ ပြည့်ကိုကို(ခ)ကိုပြည့်၊ ရဲနောင်ဦး တို့နှင့်အတူ ဖမ်းဆီးရန်ကျန် ဖိုးစည်(ခ)သီဟဇော် တို့ဖြင့်လည်းကောင်း အသီးသီးဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

                တရားခံများ၏ ထွက်ဆိုချက်အရဖမ်းဆီးရန်ကျန် မျိုးကိုနှင့် ရဲထွဋ်တို့၏ စေခိုင်းမှုဖြင့် သန့်ဇင်ဝင်း၊ မြတ်ကိုကိုလင်း(ခ)မင်းဘုန်းမဟာ၊ ပြည့်ဖြိုးအောင်(ခ) ကိုပြည့်၊ စိုးမင်းထွန်း(ခ)မုတ်ဆိတ်နှင့် ပဲခူးမြို့နေ ဖမ်းဆီးရန်ကျန် ကိုကျော်တို့ ၅ ဦး သည် ရန်ကုန်မြို့နေ ဖမ်းဆီးရန်ကျန် နေလ၊ ပဲခူးမြို့နေ ဖမ်းဆီးရန်ကျန် ကုလားကြီးကိုပိုင်၊ မြဝတီမြို့နေ ဖမ်းဆီးရန်ကျန် ဂျိုကာ၊ ညောင်လေးပင်မြို့နေ ဖမ်းဆီးရန်ကျန် မစ်ကီတို့နှင့် ချိတ်ဆက်၍ မြဝတီမြို့မှ ဖောက်ခွဲရေးပစ္စည်းများနှင့် လက်နက်/ ခဲယမ်း များအား ဂတ်စ်အိုးများအတွင်းထည့်၍လည်းကောင်း၊ မော်တော်ယာဉ်အောက် ကြမ်းခင်းနှင့် တံခါးဘေးအံဝှက်များအတွင်း၌လည်းကောင်း၊ စပါးသယ်ယာဉ်ဖြင့် စပါးအိတ်များအတွင်း၌လည်းကောင်း သိုဝှက်၍ ခရီးသည်တင်ယာဉ်၊ ကိုယ်ပိုင်ယာဉ် များဖြင့် သယ်ယူပို့ဆောင်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

               တရားခံ ထက်လင်းဦး(ခ)အိုဝမ်း၏ ထွက်ဆိုချက်အရ မြတ်ကိုကိုလင်း(ခ) မင်းဘုန်းမဟာနှင့် ဖမ်းဆီးရန်ကျန် စိုးကြီးတို့သည် ဘုရားသုံးဆူ PDF အမည်ခံ အကြမ်းဖက် အဖွဲ့ခေါင်းဆောင် ဖမ်းဆီးရန်ကျန် ဦးကျော် ထံမှ သိမ်းဆည်းရမိသည့် ပစ္စတို ၁ လက် နှင့်ပွိုင့် ၃၈၀ ကျည် ၅၀ တောင့်တို့အား ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးရန်ကျန် မျိုးကိုနှင့် ရဲထွဋ်တို့၏ စေခိုင်းမှုဖြင့် ခန့်လင်းနိုင်(ခ)ကိုခန့်၊ မြတ်ကိုကိုလင်း(ခ) မင်းဘုန်းမဟာတို့ ၂ ဦးသည် လက်လုပ်မိုင်းများပြုလုပ်ပြီး ညောင်လေးပင်၊ ဒိုက်ဦး၊ ဝေါ၊ သနပ္ပင်နှင့် ကဝ PDF အမည်ခံအကြမ်းဖက်အဖွဲ့များသို့ ပြန်လည်ဖြန့်ဝေပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

              ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ပဲခူးမြို့အတွင်း အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်း ၉ ကြိမ် ဆောင်ရွက်ခဲ့ပြီး ဖောက်ခွဲမှုများအနေဖြင့်-

              -    ဝေယံလွင် သည် မတ်လ ၁၄ ရက်တွင် ပဲခူးမြို့၊ မြဝတီဘဏ်သို့ လည်းကောင်း၊ ‌မေလ ၄ ရက်တွင် ပဲခူးမြို့၊ ဟံသာဝတီဘောလုံးကွင်း အားလည်းကောင်း၊ ဇွန်လ ၆ ရက်တွင် ပဲခူးမြို့၊ ဟံသာဝတီရပ်ကွက်ရှိ ပဲခူးတိုင်းစည်ပင်သာရေးအဖွဲ့ရုံးအားလည်းကောင်း လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း။

              -    ဝေယံလွင် နှင့် အောင်ပြည့်ခန့်တို့ ၂ ဦးသည် ဇူလိုင်လ ၄ ရက်တွင် ပဲခူးမြို့၊ စျေးပိုင်းရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ရုံးနှင့် ဟံသာဝတီရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား လက်လုပ်မိုင်းဖြင့် ပစ်ခတ်ခဲ့ပြီး ရန်နိုင် နှင့် ဖမ်းဆီးရန်ကျန် ငြိမ်းချမ်းတို့မှ  လုံခြုံရေးအဖွဲ့ဝင်များ၏ အခြေအနေ အား စောင့်ကြည့်ပေးခဲ့ကြောင်း။

              -    အောက်တိုဘာလ ၂၀ ရက်တွင် စည်သူကျော်နှင့် ဖမ်းဆီးရန်ကျန် အောင်ညီညီသွင်တို့ ၂ ဦးသည် ပဲခူးမြို့၊ ဟံသာဝတီရပ်ကွက်ရှိ စည်ပင် သာယာရေးအဖွဲ့ရုံးအား လက်လုပ်မိုင်းဖြင့် ပစ်ခတ်ခဲ့ကြောင်း။

              -    နိုဝင်ဘာလ ၁ ရက်တွင် ဖမ်းဆီးရန်ကျန် သီဟနောင်နောင်(ခ) နောင်နောင်သည် ပဲခူးမြို့၊ ပုဏ္ဏားစုရပ်ကွက်ရှိ ပြည်ခိုင်ဖြိုးပါတီဝင်  ဦးအောင်ဌေး၏ နေအိမ်အား လက်လုပ်မိုင်းဖြင့် ပစ်ခတ်ခဲ့ကြောင်း။

              -    နိုဝင်ဘာလ ၁၂ ရက်တွင် ရဲနောင်ဦးသည် ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၂)၊ အုပ်ချုပ်ရေးမှူးရုံးအား လက်လုပ်မိုင်းဖြင့် ပစ်ခတ်ခဲ့ ကြောင်း။

              -    နိုဝင်ဘာလ ၂၄ ရက်တွင် ဖမ်းဆီးရန်ကျန် သီဟနောင်နောင်(ခ) နောင်နောင်သည် ပဲခူးမြို့၊ ပုဏ္ဏားစုရပ်ကွက်ရှိ မြို့ရိုးကုန်း ဟင်းသီး ဟင်းရွက်ဈေးတန်းအား လက်လုပ်မိုင်းဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိ ရသည်။

              ပဲခူးမြို့နယ်အတွင်း PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များ၏ အပြစ်မဲ့ ပြည်သူများ အားလုပ်ကြံသတ်ဖြတ်ခြင်း၊ ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရန်အတွက် အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ ပြုလုပ်ခြင်းအား ဖမ်းဆီးရန်ကျန် ဇေလတ် (NLD ပါတီ၊ ပဲခူးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း)မှ နောက်ကွယ်မှ ထောက်ပံ့၍ စေခိုင်းနေခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

              အထက်ပါ ဖမ်းဆီးရမိသူများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်း များရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင်ပါကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန် အပ်ပါသည်။