NATOတပ်ဖွဲ့က ဥရောပအရှေ့ခြမ်းသို့ နယ်ချဲ့လာမှုအပေါ် ရုရှား၏လက်တုံ့ပြန်မှုကွဲပြားနိုင်ဟုဆို

NATO တပ်ဖွဲ့က ဥရောပအရှေ့ခြမ်းသို့ နယ်ချဲ့လာမှုအပေါ် ရုရှား၏လက်တုံ့ပြန်မှုသည်ကွဲပြားနိုင်ပြီး နိုင်ငံမှစစ်ရေး ကျွမ်းကျင်ပညာရှင်များ၏ အကြံပြုချက်အပေါ် မူတည်၍ ပြောင်းလဲနိုင်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒီဇင်ဘာ ၂၆ ရက်တွင်ပြောသည်။

ထို့ပြင် ရုရှားနိုင်ငံအနေဖြင့် သံတမန်ရေးအရ အဖြေတစ်ခုကို ရရှိစေရေးအတွက် အမေရိကန်နှင့် ဗြွှဥ တပ်ဖွဲ့ထံမှ မဟာဗျူဟာမြောက်  လုံခြုံရေးအာမခံချက်ကို တောင်းဆိုထားကြောင်း ပူတင်ကဆက်ပြော သည်။

အဆိုပါ တောင်းဆိုချက်များသည် တစ်စုံတစ်ခုကိုငြင်းဆိုရန် သို့မဟုတ် ရပ်တန့် ရန်ရည်ရွယ်ခြင်းမဟုတ်ဘဲ ရုရှားနိုင်ငံက တောင်းဆိုထားသည့် မူဘောင်များအတွင်း တရားဝင်ချမှတ်ထားသော သံတမန်ရေး အရ ဆွေးနွေးညှိနှိုင်းမှုအဖြေတစ်ခုကို ရရှိ စေရေးသာဖြစ်ကြောင်း ပူတင်က Rossiya 1 သတင်းဌာနနှင့် တွေ့ဆုံစဉ်ပြောသည်။

ရုရှားအစိုးရသည် အမေရိကန်အပါအဝင် NATO တပ်ဖွဲ့ဝင် အခြားနိုင်ငံများနှင့် သဘောတူလက်မှတ် ရေးထိုးစေလိုသည့် လုံခြုံရေးဆိုင်ရာ အဆိုပြုချက်များကို ဒီဇင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယင်းအဆိုပြုချက်များတွင် ဥရောပဒေသအတွင်း  အပြန်အလှန်လုံခြုံရေး အာမခံချက်များပေးရေး၊ တစ်နိုင်ငံ၏ နယ်နိမိတ်အတွင်းသို့ ရောက်ရှိစေနိုင်သည့် အကွာအဝေးအတွင်း တာတိုပစ်နှင့် တာလတ်ပစ်ဒုံးကျည်များကို ဖြန့်ကြက်မှုမပြုရေးနှင့် NATO တပ်ဖွဲ့အနေဖြင့် ရုရှားနိုင်ငံပတ်ပတ်လည်ရှိ ဆိုဗီယက်ပြည်ထောင်စု အဖွဲ့ဝင်နိုင်ငံဟောင်းများအပေါ် နယ်မချဲ့လာရေးတို့လည်း ပါဝင်ကြောင်း သိရသည်။      

Ref: Sputnik