အင်ဒိုနီးရှားနိုင်ငံ၌ ပထမဆုံးအကြိမ် အိုမီခရွန်ဗီဇပြောင်း ရောဂါပိုး ပြည်တွင်း ကူးစက်မှုရှိလာ

အင်ဒိုနီးရှားနိုင်ငံ၌ ပထမဆုံးအကြိမ် အိုမီခရွန်ဗီဇပြောင်း ရောဂါပိုး ပြည်တွင်း ကူးစက်မှုရှိလာ

အင်ဒိုနီးရှားနိုင်ငံ၌ ပထမဆုံးအကြိမ် အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး ပြည်တွင်းကူးစက်မှု ရှိလာပြီဖြစ်ကြောင်း သိရသည်။

မြောက်ဆူမားတြားပြည်နယ် မီဒန်မြို့မှ အသက် ၃၇ နှစ်ရှိ အမျိုးသားတစ်ဦးသည် ¤င်း၏ဇနီးနှင့်အတူ   ဂျကာတာမြို့သို့ ခရီးသွားစဉ် အဆိုပါဗီဇပြောင်း ရောဂါပိုး ကူးစက်ခံရသည်ကိုတွေ့ရှိရခြင်းဖြစ်သည်။

သို့သော်   အဆိုပါ အမျိုးသားတွင် ကိုဗစ်-၁၉ ရောဂါ  ဖြစ်ပွားမှုအတွက် မည်သည့်ရောဂါ လက္ခဏာမျှပြသခြင်း မရှိကြောင်းနှင့်   ဆူလီယန်တီဆာရိုဆို ကူးစက်ရောဂါကုသရေး ဆေးရုံ၌ ဆေးကုသမှု ခံယူနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမ ှပြောရေးဆိုခွင့်ရှိသူ ဆီတီနာဒီယာတာမီဇီက ဒီဇင်ဘာ ၂၈ ရက်တွင် ပြောသည်။

အဆိုပါ အမျိုးသားသည် ဒီဇင်ဘာ ၁၉ ရက်တွင် ARTနည်းဖြင့် စစ်ဆေးမှုခံယူရာ ရောဂါပိုးကူးစက် ခံထားရသည်ကို တွေ့ရှိပြီးနောက် ဒီဇင်ဘာ ၂ဝ ရက်တွင် PCR နည်းဖြင့် ဆက်လက်စစ်ဆေးသည်။

ထို့နောက်  ဒီဇင်ဘာ ၂၇ ရက်တွင် မျိုးရိုးဗီဇအစီအစဉ် ချမှုနည်းဖြင့် စစ်ဆေးရာမှ အိုမီခရွန်ဗီဇပြောင်း ရောဂါပိုး ကူးစက်ခံထားရသည်ကို အတည်ပြုနိုင်ခြင်းဖြစ်သည်။

၎င်းအနေဖြင့် ဂျကာတာမြို့ ဗဟိုစီးပွားရေးဇုန်ရှိ နာမည်ကျော် ကုန်တိုက်တစ်လုံးသို့ သွားရောက်ခဲ့ကြောင်းနှင့်  မြောက် ဂျကာတာရှိ တိုက်ခန်းတစ်ခုတွင် နေထိုင်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

သို့သော် ထိုအမျိုးသားနှင့်အတူ ခရီးသွားခဲ့သည့် ၎င်း၏ဇနီးမှာမူ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရခြင်း မရှိသည်ကို  တွေ့ရသည်။

အင်ဒိုနီးရှားနိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ ၄၇ ဦးရှိပြီဖြစ်ပြီး ကျန် ၄၆ ဦးမှာ ပြည်ပမှ ပြန်လည် ဝင်ရောက်လာသူများတွင်  တွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။