အိန္ဒိယကြည်းတပ်က ကွမ်တမ်ဓာတ်ခွဲခန်းကို တည်ဆောက်နေ

အိန္ဒိယကြည်းတပ်က ကွမ်တမ်ဓာတ်ခွဲခန်းကို တည်ဆောက်နေ

အိန္ဒိယကြည်းတပ်အနေဖြင့် နိုင်ငံအလယ်ပိုင်း မက်ဒီယာပရာဒေ့ပြည်နယ်၌ ကွမ်တမ်ဓာတ်ခွဲခန်းကို တည်ဆောက်နေကြောင်း   ကာကွယ်ရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၂၉ ရက်တွင်   ထုတ်ပြန်ထားသည်။

ကြည်းတပ်သည် အမျိုးသား လုံခြုံရေး ကောင်စီအတွင်းဝန်များ ရုံး၏   ကူညီထောက်ပံ့မှုဖြင့် လေ့ကျင့်မှုနှင့် သုတေသနပြုမှုကို တိုးမြှင့်နိုင်ရန် အဆိုပါ ဓာတ်ခွဲခန်းကို တည်ဆောက်နေခြင်းဖြစ်သည်။

ယင်းဓာတ်ခွဲခန်းကို    အင်ဒေါခရိုင် မဟောမြို့ရှိ တပ်မတော် ဆက်သွယ်ရေးနှင့် အင်ဂျင်နီယာ ကောလိပ်၌ တည်ဆောက်နေခြင်းဖြစ်သည်။

အဆိုပါဓာတ်ခွဲခန်းကို တည်ဆောက်ခြင်းကြောင့် အိန္ဒိယကြည်းတပ် အနေဖြင့် မျိုးဆက်သစ်ဆက်သွယ်ရေး နယ်ပယ်သို့ ခုန်ပျံကျော်လွှား ရောက်ရှိ သွားနိုင်မည်ဖြစ်သည်။

ထို့ပြင် လက်ရှိအသုံးပြုနေသော ဝှက်စာရေး နည်းစနစ်ကိုလည်း ကွမ်တမ်နည်းပညာ အသုံးပြုဝှက်စာရေးနည်းသို့ ပြောင်းလဲနိုင်စေမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

အလားတူ  အိန္ဒိယကြည်းတပ်သည် လက်ရှိဖြစ်ပေါ် တိုးတက်လာနေသော နည်းပညာနယ်ပယ်များတွင်    သိသာထင်ရှားသည့် တိုးတက်မှုများ ရရှိလာကြောင်း ကြည်းတပ်ဦးစီးချုပ်က ပြောသည်။

အိန္ဒိယကြည်းတပ်သည် အဆိုပါကောလိပ်၌ပင် လူတုအသိဉာဏ်ဌာနတစ်ခုကိုလည်း တည်ထောင်ထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။