အသက် ၂ နှစ်အောက်ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကာကွယ်ဆေး တိုက်ကျွေး

နေပြည်တော်၊ သြဂုတ် - ၆

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ငူတပ်နယ်ရှိ တပ်မတော်သားမိသားစုဝင်များ၏ အသက် ၂ နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှုအားပေးသည်။

 

ထိုသို့ဆောင်ရွက်ပေးရာတွင် ကိုယ်ဝန်ဆောင်မိခင် ၂၄ ဦးနှင့် ကလေးငယ် ၄၀ ဦးတို့ကို တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံမှ ပါရဂူများနှင့် ဆရာဝန်များက ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမြှေးရောင် ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုပ်ရောင်ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေးနှင့် ဝက်သက်၊ ဂျိုက်သိုး ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးသည်။ ယင်းသို့ ဆောင်ရွက်ပေးမှုများကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေး ပြိး ကိုယ်ဝန်ဆောင် မိခင်များနှင့် ကလေးငယ်များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။