ရေတာရှည်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်တို့ရှိ အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ် 

ရေတာရှည်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်တို့ရှိ အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ် 

နေပြည်တော်၊ စက်တင်ဘာ - ၂၀
    
ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြား နိုင်ရေးနှင့်ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရေတာရှည်မြို့နယ်၊ သာဂရကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၊ ကျောက်ကြီးမြို့၊ ပဲခူးရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းခွဲတို့၌ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက ကျောင်းဝင်းများ အတွင်း၊ အပြင်ရှိ ချုံနွယ် ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ စာသင်ခုံနှင့် ပရိဘောဂ များနေရာချထားပေးခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။