မကာအိုဒေသမှ နေရပ်ပြန်လိုသော မြန်မာနိုင်ငံသားများအတွက် MNA ကယ်ဆယ်ရေး လေယာဉ် ပျံသန်းနိုင်ရန် စီစဉ်

မကာအိုဒေသမှ   နေရပ်ပြန်လိုသော မြန်မာနိုင်ငံသားများအတွက် ဆဋ္ဌမအကြိမ် မြောက်   ကယ်ဆယ်ရေး လေယာဉ်အဖြစ်   ၂၀၂၂ ခုနှစ် ဇန်နဝါရီ စတုတ္ထပတ်အတွင်း မြန်မာအမျိုးသားလေကြောင်းလိုင်း (ြဗြ)    ဖြင့်  မကာအို-ရန်ကုန်  တိုက်ရိုက်ခရီးစဉ် ပျံသန်းနိုင်ရန်    စီစဉ်လျက်ရှိကြောင်း ဟောင်ကောင်မြို့ရှိ    မြန်မာကောင်စစ် ဝန်ချုပ်ရုံးမှ သိရသည်။

အဆိုပါ ကယ်ဆယ်ရေး လေယာဉ်ဖြင့် လိုက်ပါလိုသူများအနေဖြင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၁၄ ရက်အထိ နံနက် ၁၁ နာရီမှ ညနေ ၆ နာရီအတွင်း Top World ခရီးသွားလုပ်ငန်းကုမ္ပဏီ   52 AVENIDA,HORTA E  COSTA, FL, 1F,PALAIO,MACAC၊ Ph:+8536610-1187 သို့  ကိုယ်တိုင်သွားရောက်၍  ပုံစံ ဇယားများကို ပြည့်စုံစွာဖြည့်စွက်ပြီး နိုင်ငံ ကူးလက်မှတ်မိတ္တူ၊  Blue  Card မိတ္တူနှင့်    ဗီဇာအထောက်အထားမိတ္တူများကို မပျက်မကွက်ပေးအပ်ရမည် ဖြစ်သည်။

ထို့ပြင် လေယာဉ်မထွက်ခွာမီ ၇၂ နာရီ အတွင်း ကိုဗစ်-၁၉ RT-PCR Test ဆေးစစ်မှုပြုလုပ်ရမည်ဖြစ်ပြီး  ဆေးစစ်ရမည့်ရက်ကို      ထပ်မံကြေညာပေးမည် ဖြစ်သည်။

မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပါက ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် Quarantine  အစီအစဉ်များကို မဖြစ်မနေ လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။                    

ခင်မောင်တင်