ဥရောပသမဂ္ဂက သဘာဝဓာတ်ငွေ့နှင့် နျူကလီးယား စွမ်းအင်ကို အစိမ်းရောင် ရင်းနှီးမြှုပ်နှံမှုအဖြစ် သတ်မှတ်ရန်စီစဉ်

ဥရောပသမဂ္ဂက သဘာဝဓာတ်ငွေ့နှင့် နျူကလီးယား စွမ်းအင်ကို အစိမ်းရောင် ရင်းနှီးမြှုပ်နှံမှုအဖြစ် သတ်မှတ်ရန်စီစဉ်

ဥရောပသမဂ္ဂ(EU)အနေဖြင့် သဘာဝဓာတ်ငွေ့နှင့် နျူကလီးယား စွမ်းအင်စီမံကိန်းများကို အစိမ်းရောင် ရင်းနှီးမြှုပ်နှံမှုအဖြစ် သတ်မှတ်ရန်စီစဉ်နေပြီး မူကြမ်းရေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်ပြီး အစိုးရများကြား တစ်နှစ်နီးပါးကြာ ဆွေးနွေးမှုများပြုလုပ်ပြီးနောက်   မူကြမ်းရေးဆွဲမှု ထွက်ပေါ်လာခြင်းဖြစ်ကာ ယင်းသို့သော ရင်းနှီးမြှုပ်နှံမှုသည်   ကမ္ဘာ့ရာသီဥတုနှင့် အမှန်တကယ်   သဟဇာတဖြစ်မည်ဟု ဆိုသည်။

ဥရောပကော်မရှင်သည်   သဘာဝဓာတ်ငွေ့နှင့် နျူကလီးယား စီမံကိန်းများကို န့ ၏ရေရှည် ထိန်းသိမ်းထားနိုင်သော ဘဏ္ဍာရေးဆိုင်ရာ အမျိုးအစား ခွဲမှုစနစ်တွင် ထည့်သွင်းနိုင်ရေး ဆုံးဖြတ်ချက်ချမှတ်ရန် ယခုလတွင် အဆိုပြု တင်ပြသွားမည်ဟု ခန့်မှန်းရသည်။

အစိမ်းရောင်ဟု သတ်မှတ်ပြီး ရာသီဥတုနှင့် သဟဇာတဖြစ်သည့် အဆိုပါ စီမံကိန်းများကို ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများတွင် ဆွဲဆောင်ရန်နှင့် သစ်တောများ ပြုန်းတီးခြင်းကို ရပ်တန့်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

နျူကလီးယား စွမ်းအင်စီမံကိန်းများကို အစိမ်းရောင် ရင်းနှီးမြှုပ်နှံမှုအဖြစ် သတ်မှတ်နိုင်ရန်   ထိုစီမံကိန်းများသည် စီမံချက်၊ ရန်ပုံငွေနှင့် ရေဒီယိုသတ္တိကြွစွန့်ပစ်ပစ္စည်းများကို ဘေးကင်းစိတ်ချရမှုရှိစွာ စွန့်ပစ်နိုင်မည့်နေရာတို့ ကောင်းစွာရှိရမည်ဖြစ်သည်။

ထို့ပြင် အဆိုပါနျူကလီးယား စွမ်းအင်စီမံကိန်းများ အနေဖြင့် ၂ဝ၄၅ ခုနှစ်မတိုင်မီ တည်ဆောက်ခွင့် ရရှိရမည်ဖြစ်သည်။

အလားတူ   တစ်ကီလိုဝပ်နာရီတွင် ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏ ၂၇ဝ ဂရမ်အောက် ထုတ်လွှတ်မှုရှိသည့်    သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံစီမံကိန်းများကို အစိမ်းရောင် စီမံကိန်းများအဖြစ် သတ်မှတ်မည်ဖြစ်သည်။

၂ဝ၃ဝ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက် မတိုင်မီဆောက်လုပ်ခွင့် ရရှိရမည်ဖြစ်သည့် အဆိုပါစီမံကိန်းများသည် ကာဗွန်ဓာတ်ငွေ့ ပါဝင်မှုနည်းပါးသော  ဓာတ်ငွေ့များကို လောင်ကျွမ်းစေရေးအတွက် မီးရှို့စနစ်များလည်း တပ်ဆင်ရမည်ဖြစ်သည်။

သဘာဝဓာတ်ငွေ့အသုံးပြု ဓာတ်အားပေး စက်ရုံများမှ ထွက်ရှိသော ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များသည် ကျောက်မီးသွေးစွမ်းအင်သုံး သဘာဝဓာတ်ငွေ့ အသုံးပြုဓာတ်အားပေး စက်ရုံများမှ ထွက်သော ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ပမာဏထက်  ထက်ဝက်ကျော်နည်းပါးကြောင်း သိရသည်။