တာလေမြို့၊ နမ့်မွေတံတား၌ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသားများ ဖမ်းဆီးရမိ 

တာလေမြို့၊ နမ့်မွေတံတား၌ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသားများ ဖမ်းဆီးရမိ 

နေပြည်တော် ၊ စက်တင်ဘာ - ၂၀
    
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာလေမြို့၊ နမ့်မွေတံတား၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့က မော်တော်ယာဉ် ဝင်/ထွက်မှုများအား စစ်ဆေးဆောင်ရွက်စဉ် ယနေ့နံနက် ၂ နာရီခန့်တွင် ကျိုင်းလပ်မြို့ဘက်မှ တာလေမြို့ဘက်သို့ စိုင်းတစ်(ဘ) ဦးစိုင်းနွဲ့ မောင်းနှင်လာသည့် NAVARA အမျိုးအစား မော်တော်ယာဉ်အမှတ်၊ 5J/-----  အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်၌ လိုက်ပါလာသည့် တရားမဝင်ဝင်ရောက်လာသော တရုတ်နိုင်ငံသား အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။
    
အဆိုပါ မော်တော်ယာဉ်နှင့် ဖမ်းဆီးရမိသူများအား တရားဥပဒေအရ ဆောင်ရွက် နိုင်ရေး မိုင်းလင်းနယ်မြေရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။