တပ်မတော်စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ထိုက်တန်စွာ ရရှိသူများ၏ စကားသံများ

နေပြည်တော်   ဇန်နဝါရီ   ၄

ဗိုလ်မှူးနေစံထွန်း( သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်)

ကျွန်တော်ရရှိတဲ့ ဘွဲ့ထူးဂုဏ်ထူးတံဆိပ်ကတော့ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ဖြစ်ပါတယ်။ အဓိကကျွန်တော်တာဝန်ယူရတဲ့ အပိုင်းအနေဖြင့် တိုက်ပွဲအောင်နိုင်ရေးအတွက် ပစ်ခတ်မှုနှင့်ရွေ့လျားမှု ဟန်ချက်ညီစေရေးကို  တာဝန်ယူဆောင်ရွက်ပေးရပါတယ်။   ကျွန်တော်တို့   ဆင်နွှဲခဲ့ရတဲ့ စစ်ဆင်ရေးများ အနေနဲ့ကတော့   ရခိုင်ပြည်နယ်တိုက်ပွဲစဉ် ဖြစ်ပါတယ်။ စစ်ဆင်ရေး တာဝန်ထမ်းဆောင်နေစဉ်မှာ  အရာရှိ/စစ်သည်များ တစ်ဦးနှင့် တစ်ဦးယုံကြည်မှုဖြင့် ဆောင်ရွက်ခဲ့ကြပါတယ်။  ပင်ပန်းဆင်းရဲခဲ့ကြပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ အချိန်မှာ   ရာသီဥတုဆိုးရွားတာတွေကို ကြံကြံခံနိုင်ခဲ့တယ်။ အုပ်ချုပ်မှု၊ ထောက်ပံ့ ပို့ဆောင်မှုနှင့် ရိက္ခာ/ခဲယမ်းများ၊ ပစ်ကူများရရှိရေးအတွက် အကြီးအကဲများက စနစ်တကျ စီမံဆောင်ရွက်ပေးခဲ့ပါတယ်။ ကျွန်တော် သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်ရရှိခြင်းကို ကျွန်တော်နဲ့ ကျွန်တော့်စစ်သည်များ ကိုယ်စားပြုပြီး ပေးအပ်တယ်လို့ ခံယူပါတယ်။ တပ်မတော်သားတိုင်းက တိုက်ပွဲတိုင်းကို ရဲဝံ့စွာတိုက်ပွဲဝင်ကြသူများ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ စာမေးပွဲ ဖြေဆိုခွင့်ရပြီး အောင်မြင်ခဲ့တယ်လို့ ယူဆပါတယ်။ တပ်မတော်သားတစ်ယောက်အနေနဲ့ ဘွဲ့ထူးဂုဏ်ထူးရတယ် ဆိုတော့  အထက်လူကြီးတွေ အသိအမှတ်ပြုတာကို ကျေနပ်အားရ ဝမ်းသာပီတိ ဖြစ်ရပါတယ်။

https://www.myawady.net.mm/sites/default/files/lance-corpotal-nyi-nyi-naing.jpg

ဒုတိယတပ်ကြပ်ညီညီနိုင် (သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်)

ကျွန်တော်ကတော့     သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ပထမဦးဆုံး ရခိုင်ပြည်နယ် စစ်ဆင်ရေး ဘူးသီးတောင်၊   မောင်တောနောက်ပြီး ရသေ့တောင်အနီးနဲ့ ပလက်ဝတိုက်ပွဲမှာ ရန်သူ့ဆက်သွယ်ရေး မြောင်းနှင့် ဘန်ကာအတွင်းသို့ လက်ပစ်ဗုံးများဖြင့်   ပြိုင်တူပစ်ခတ်ဝင်ရောက်ပြီး အသက်ကို  ပဓာနမထားဘဲ  ရှေ့ဆုံးမှနေ၍  ကြောက်ရွံ့ စိတ်ကင်းမဲ့ပြီး ရဲဝံ့ပြတ်သားစွာ ရန်သူများအား  ရွပ်ရွပ်ချွံချွံတိုက်ခိုက်နိုင်ခဲ့ပါတယ်။

စစ်သားကောင်းတစ်ယောက်ပီသစွာ အထက်အရာရှိ၏ အမိန့်ကို    တစ်သဝေမတိမ်းလိုက်နာခဲ့ပါတယ်။   အသက်ကို ပဓာနမထားဘဲ တပ်မတော်ဂုဏ်ကို အသက်ပေးဆောင်ရွက်လိုသည့် စိတ်ဓာတ်နဲ့ တိုက်ပွဲဝင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီလိုဆုတံဆိပ်ရမယ်လို့ မျှော်လင့်ပြီး တိုက်ပွဲဝင်ခဲ့တာ မဟုတ်ပါဘူး။ နိုင်ငံတော်နှင့်   နိုင်ငံသားများအတွက် ဒို့တာဝန်အရေးသုံးပါးကို ထိပါးလာမည့်သူ မည်သူမဆို တိုက်ခိုက်ရမှာပဲဖြစ်ပါတယ်။

ဒါကလည်း နိုင်ငံတော်အတွက်ပါ။ ယခုလိုဆုချီးမြှင့်ပေးတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံတော်အကြီးအကဲများကိုလည်း အထူးကျေးဇူးတင်ပါတယ်။ ဒီဆုကို   ကျွန်တော်ရရှိတဲ့အတွက် ဝမ်းသာကျေနပ်ပီတိဖြစ်မိပါတယ်။

https://www.myawady.net.mm/sites/default/files/l-cornal-tin-phone-kyaw.jpg

ဒုတိယဗိုလ်မှူးကြီးတင်ဖုန်းကျော် (သိပ္ပံပညာထူးချွန်တံဆိပ် (ပထမအဆင့်))

ကျွန်တော်က သိပ္ပံပညာထူးချွန်တံဆိပ် (ပထမအဆင့်)ရရှိတာဖြစ်ပါတယ်။ ဒီဆုကို ရရှိဖို့အတွက် သိပ္ပံနည်းပညာနယ်ပယ်ထဲမှာ ကာလကြာရှည်ရင်းနှီးမြှုပ်နှံထားပြီး နေ့စဉ် ဇွဲလုံ့လနဲ့ ဆောင်ရွက်ခဲ့တဲ့ ရလဒ်ကြောင့် ယနေ့မှာ ဆုရရှိခဲ့ခြင်းဖြစ်ပါတယ်။   ယခုလို ကျွန်တော်တို့ကို ဆုချီးမြှင့်ခြင်း ခံရတဲ့အတွက် စိတ်ဓာတ်ခွန်အားများကို ရရှိစေတဲ့အပြင် ကြိုးစားရင်  အခွင့်အရေး၊ အခွင့်အလမ်း ကောင်းတစ်ခုရရှိနိုင်တယ် ဆိုတာကို မီးမောင်းထိုးပြခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်ကိုယ်တိုင်လည်း  ဒီထက်မက ပိုပြီးတိုးတက်ကောင်းမွန်အောင် လုံ့လဝီရိယနဲ့ ကြိုးစားဆောင်ရွက်သွားပါ့မယ်။   ကျွန်တော့်ဘဝတစ်လျှောက်လုံး နိုင်ငံတော်၊ တပ်မတော် အတွက် ရိုးသားမှု၊ ကြိုးစားမှု၊ သစ္စာရှိမှုများကို စံနှုန်းထားပြီး ကျွန်တော် လုပ်နိုင်သမျှ အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားမယ်လို့လည်း သန္နိဋ္ဌာန် ချထားပါတယ်။ 

https://www.myawady.net.mm/sites/default/files/l-cornal-min-thein.jpg

ဒုတိယဗိုလ်မှူးကြီးမင်းသိန်း(သိပ္ပံပညာထူးချွန်တံဆိပ် (ပထမအဆင့်))

ကျွန်တော်က သိပ္ပံပညာထူးချွန်တံဆိပ် (ပထမအဆင့်) ရရှိတာဖြစ်ပါတယ်။ သင်ယူတတ်မြောက်ထားတဲ့   သိပ္ပံပညာတွေကို ယခုတံဆိပ်ချီးမြှင့်ခြင်းခံရတဲ့ တွန်းအားတွေနဲ့ ပေါင်းပြီး နိုင်ငံတော်နဲ့ တပ်မတော်အတွက် ထိရောက် အကျိုးရှိစွာ အသုံးချနိုင်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပေးဆပ်ကာ တာဝန်များကို ဆက်လက် ထမ်းဆောင်သွားမှာဖြစ်ပါတယ်။ ယခုလိုမျိုး နိုင်ငံတော်က ထိုက်ထိုက်တန်တန်   သိပ္ပံပညာထူးချွန်ဆု တံဆိပ်(ပထမအဆင့်) ချီးမြှင့်ခြင်း ခံရတဲ့အတွက်  အထူးပဲဝမ်းမြောက်ဂုဏ်ယူမိပါတယ်။

https://www.myawady.net.mm/sites/default/files/major-zaw-ye-maw-oo.jpg

ဗိုလ်မှူးဇော်ရဲမော်ဦး (သိပ္ပံပညာထူးချွန်တံဆိပ် (ပထမအဆင့်))

ကျွန်တော်ကတော့     ရုရှားနိုင်ငံ MUCTR တက္ကသိုလ်မှာ Technology of Silicate and Refractory nonmetallic materials ဘာသာရပ်အထူးပြုဖြင့်  Doctor of Technical Science ဘွဲ့ကို  ရရှိခဲ့တဲ့အတွက် ယနေ့ကျင်းပပြုလုပ်တဲ့ အခမ်းအနားမှာ  သိပ္ပံပညာထူးချွန်တံဆိပ်  (ပထမအဆင့်)ကို ချီးမြှင့်ခြင်းခံရတာ ဖြစ်ပါတယ်။ စာသင်ကြားခဲ့တဲ့ ကာလအတွင်းမှာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အပင်ပန်းခံပြီး အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်။ အထူးသဖြင့် သိပ္ပံနဲ့ပတ်သက်တဲ့ သုတေသနနဲ့ နည်းပညာရပ်ဝန်းတွေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Scientific  concept ရဖို့ ချဉ်းကပ်ရတဲ့ အခက်အခဲတွေ၊ နိုင်ငံခြားဘာသာစကား အခက်အခဲတွေ၊ ရာသီဥတုနဲ့ ယဉ်ကျေးမှု မတူညီတဲ့အခက်အခဲတွေ   အများကြီးရှိခဲ့ပါတယ်။ Academic (ပညာရပ်ပိုင်းဆိုင်ရာ)နဲ့    တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော် အရာရှိတစ်ဦးအနေနဲ့ တိုင်းပြည်၊ တပ်မတော်နဲ့ ပြည်သူလူထုရဲ့ အကျိုးအတွက်လည်း    ပေးအပ်လာတဲ့တာဝန်များကို ကျေပွန်အောင် ဆက်လက် ကြိုးပမ်းထမ်းဆောင်သွားပါမယ်။ နောက်လာမယ့် မျိုးဆက်သစ်တွေကို ပြောချင်တာက ဘဝမှာ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ပြည်ပမှာ ပညာသင်ကြားခွင့်ရရှိတာ ဂုဏ်ယူဖွယ်ဖြစ်ပါတယ်။  ယခုလို နိုင်ငံတော်အဆင့်  ဆုတံဆိပ်ရရှိတဲ့အတွက် အတိုင်းမသိဂုဏ်ယူဝမ်းမြောက်မိပါတယ်။  ဒါ့အပြင် ဒီလိုပေးအပ် ချီးမြှင့်ခံရတဲ့အတွက် နိုင်ငံတော်နဲ့တပ်မတော်ကို   အထူးကျေးဇူးတင်ရှိပါတယ်။

https://www.myawady.net.mm/sites/default/files/major-zaw-win-thay.jpg

ဗိုလ်မှူးဇော်ဝင်းဌေး (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်)

၂၀၂၀ ပြည့်နှစ် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ ကျောက်တော်၊ ပလက်၀ ကြားထဲမှာ ရှိတဲ့    မီးဝဒေသစစ်ဆင်ရေးတာဝန်ကို ထမ်းဆောင်ခဲ့တာပါ။ တာဝန်ထမ်းဆောင်ရာမှာတော့  ရန်သူပစ်ခတ်မှု များကြားမှ အတင်းထိုးဖောက်တိုက်ခိုက်ပြီး မိမိတို့တပ်ရှိရာကို အမြန်ဆုံးရောက်ရှိအောင် ချီတက်ပူးပေါင်း နိုင်ခဲ့ပါတယ်။ ကျွန်တော်ချီတက်တိုက်ခိုက်နေစဉ်အတွင်းမှာ မြေပြင်/ဝေဟင် အကူအညီများ ရရှိရေးအတွက်    အထက်အကြီးအကဲများကို ဆက်သွယ်မှုမပြတ်စေရေး     ဆောင်ရွက်ခဲ့ပါတယ်။

ရန်သူကို  ပစ်အားသုံးတိုက်ခိုက်မှုကြောင့် တစ်ဖက်ရန်သူများ ကစဉ့်ကလျားဆုတ်ခွာထွက်ပြေးကြတယ်။    အခုလိုတိုက်ပွဲအောင်မြင်မှုရရှိခြင်းက  တပ်မတော်သားပီသစွာ   ဇွဲသတ္တိနှင့် အနိုင်မခံ အရှုံးမပေးသည့် စိတ်ဓာတ်၊  အထက်ကပေးအပ်တဲ့ တာဝန်နဲ့    ဒို့တာဝန်အရေးသုံးပါးကို အမြဲတမ်းဦးထိပ်ပန်ဆင်ပြီးတော့ တာဝန်ထမ်းဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့်ဒီဆုကို ရရှိခြင်းဖြစ်ပါတယ်။ ယခုလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် ဒီဆုကိုချီးမြှင့်တဲ့အတွက် ကျွန်တော့်ဘဝမှာ ဝမ်းသာပီတိ ဖြစ်ပြီး မမေ့နိုင်တဲ့ နေ့တစ်နေ့လို့ ပြောလို့ရပါတယ်။   ဒီဆုကိုရရှိခဲ့ခြင်းက မီးဝတိုက်ပွဲမှာ ၄၃  ရက်လုံး   နေ့ရော ညပါ  အထက်ကပေးအပ်တဲ့တာဝန်ကို တစ်သဝေမတိမ်းလိုက်နာကာ  အကြီးအကဲများက အသိအမှတ်ပြုတဲ့အတွက် ဆုကိုရရှိခဲ့ခြင်း ဖြစ်ပါတယ်။  ကျေးဇူးလည်း အထူးတင်ရှိပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။

https://www.myawady.net.mm/sites/default/files/cornal-thet-naing-soe.jpg

ဗိုလ်မှူးကြီးသက်နိုင်စိုး (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်)

ကျွန်တော်က ဗိုလ်မှူးကြီးသက်နိုင်စိုးပါ။ကျွန်တော်အခုရရှိခဲ့တဲ့ဆုက  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်ရရှိခဲ့တာဖြစ်ပါတယ်။  ဒီဆုကို ရခိုင်ပြည်နယ်မြောက်ပိုင်း   မီးဝဒေသ၊ ချင်းပြည်နယ် ပလက်ဝမှာ စစ်ဆင်ရေး တာဝန်ထမ်းဆောင်သည့်အချိန်မှာ ခြေလျင်မြေပြင်တပ်ဖွဲ့တွေက သူတို့တိုက်စစ်မှာ ထိရောက်သည့် တိုက်ရိုက်ပစ်ကူပေးနိုင်ရန် ဖြစ်ပါတယ်။ ခြေလျင်တပ်များကို လိုအပ်သောပစ်မှတ်များအား ထိရောက်စွာ ပစ်ကူပေးနိုင်ရေးအတွက် ရန်သူပစ်ခတ်မှုများ ရှိနေသည့် အတွင်းထိ ထိုးဖောက်ဝင်ရောက်၍ ပစ်မှတ်များကို ထိထိရောက်ရောက်ပစ်ခတ် တိုက်ခိုက်ပေးနိုင်ခဲ့ပါတယ်။ ကျွန်တော်ကွပ်ကဲရသည့် အဖွဲ့တွေကို တိတိကျကျနဲ့ မှန်မှန် ကန်ကန်ပစ်နိုင်ရန်အတွက် သေချာအနီးကပ်ကြီးကြပ် ကွပ်ကဲပေးခဲ့သည့်အတွက် ကျွန်တော် ဒီဆုကိုရရှိခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တပ်မတော်သားတစ်ယောက်အနေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်က ဒီဆုကိုချီးမြှင့် ခဲ့သည့်အတွက် ကျွန်တော့် အနေနဲ့   အတိုင်းမသိ ဝမ်းသာဂုဏ်ယူမိပါတယ်။   ။

ဇော်မျိုး၊ လဲ့ရည်လှိုင်