ဗြိတိန်အစိုးရက ဆေးဝန်ထမ်း ရှားပါးမှုကို ထောက်ပံ့ပေးရန် စစ်ဘက်ကို အကူအညီ တောင်းခံ

ဗြိတိန်အစိုးရက ဆေးဝန်ထမ်း ရှားပါးမှုကို ထောက်ပံ့ပေးရန် စစ်ဘက်ကို အကူအညီ တောင်းခံ

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ဆေးရုံများတွင်   ဆေးဝန်ထမ်း ရှားပါးမှုကို ထောက်ပံ့ပေးရန်   အစိုးရက စစ်ဘက်ကိုအကူအညီ တောင်းခံထားကြောင်းနှင့် ထိုသို့ဝန်ထမ်း ရှားပါးမှုကို စစ်သည်များဖြင့်   ဖြည့်တင်း ပေးသွားမည်ဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၇ ရက်တွင် ထုတ်ပြန်သည်။

စစ်သည်အင်အား အယောက် ၂ဝဝ သည် လာမည့် သီတင်းပတ်သုံးပတ်အထိ လန်ဒန်မြို့ရှိ အမျိုးသား ကျန်းမာရေးဌာန သို့ လာရောက်ကူညီပေးရန် အသင့်ရှိနေပြီဖြစ်ကြောင်း အစိုးရက ပြောသည်။

နိုင်ငံအတွင်း    အိုမီခရွန်ကူးစက်မှု မြင့်တက်လာသည်ဟု ယူဆရကြောင်းနှင့် ပြီးခဲ့သည့် သီတင်းပတ်တွင် နေ့စဉ်ရောဂါ ဖြစ်ပွားသူ တစ်သိန်းခွဲကျော် ရှိသည်ဟု အစိုးရ၏ ထုတ်ပြန်ချက်တွင်  ဖော်ပြထားသည်။

အင်္ဂလန်နိုင်ငံသည် ရောဂါထိန်းချုပ်ရေး ကန့်သတ်ချက်အသစ်များ ချမှတ်ထားခြင်း မရှိသော်လည်း အိုမီခရွန်ရောဂါပိုး ကူးစက်မှုက မပြင်းထန်ခြင်းနှင့် ကာကွယ်ဆေးထိုးထားသည့် ကျေးဇူးများကြောင့် ယခုကဲ့သို့ ရောဂါပိုးကူးစက်မှု  မြင့်တက်လာသည့် အခြေအနေကို ကြံ့ကြံ့ခံနိုင်ခြင်းဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်   ဘောရစ်ဂျွန်ဆင်က ပြောသည်။