အကြမ်းဖက်သမားများအနေဖြင့် မြို့နယ်ပညာရေးမှူးရုံးနှင့် အခြေခံပညာမူလတန်းကျောင်းတို့အား လက်လုပ်မိုင်းများ အသုံးပြု၍ အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်

အကြမ်းဖက်သမားများအနေဖြင့် မြို့နယ်ပညာရေးမှူးရုံးနှင့် အခြေခံပညာမူလတန်းကျောင်းတို့အား လက်လုပ်မိုင်းများ အသုံးပြု၍ အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်

နေပြည်တော်၊ ဇန်နဝါရီ ၈
    
PDFအမည်ခံအကြမ်းဖက်သမားများအနေဖြင့် အနာဂတ် လူငယ်၊ လူရွယ်များ ပညာရည် မြင့်မားရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသော ပညာရေးဆိုင်ရာရုံး/ဌာနများနှင့် စာသင်ကျောင်း များကို မိုင်းထောင် ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံးများ၊ လက်လုပ်မိုင်းများဖြင့် ပစ်ပေါက်ဖောက်ခွဲ ခြင်းများ လုပ်ဆောင်လျက်ရှိရာ ဇန်နဝါရီ ၇ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအရှေ့ရပ်ကွက်၊ (၃၆)လမ်းရှိ မြို့နယ်ပညာရေးမှူးရုံးအား ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းဖက်သူ အမျိုးသား ၂ ဦးက လက်လုပ်ဗုံးဖြင့် ပစ်ပေါက် ထွက်ပြေးသွားခဲ့ခြင်းကြောင့်  ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အသုံးအဆောင် ပစ္စည်းအချို့ ပျက်စီးခဲ့သည်။
    
အလားတူ မွန်းလွဲ ၁ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ ရွာသစ်ကုန်း ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းရှေ့အရောက်အား အကြမ်းဖက်သမားများက လက်လုပ် မိုင်း ၂ လုံးဖြင့် ဖောက်ခွဲခဲ့ကာ ပေါက်ကွဲမှုကြောင့် ဦးအောင်သူ(၃၂)နှစ် (ဘ)ဦးထွန်းရှင်တွင် ဝဲ/ယာမျက်လုံး အနီးမိုင်းစထိမှန် ဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်၊ ဝဲလက်ဖျံမိုင်းစထိမှန်ဒဏ်ရာ ၁ ချက်တို့ ရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာ နေရာအား အသေးစိတ်စစ်ဆေးခဲ့ရာ ဒန်အိုးဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၁ လုံး၊ PVC ပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း ၁ လုံးတို့အား ထပ်မံတွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့သည်။
    
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်း ရရှိသည်။