ကိုဗစ်ဖြစ်ပြီးကလေးငယ်များ ဆီးချိုရောဂါဖြစ်နိုင်ခြေ သိသိသာသာမြင့်တက်

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီးနောက် နေပြန်ကောင်းလာသည့် ကလေးငယ်များသည် အမျိုးအစား ၁ သို့မဟုတ် အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်နိုင်ခြေ သိသိသာသာမြင့်တက်လာသည်ကိုတွေ့ရကြောင်း အမေရိကန် ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန(CDC)မှ  သုတေသနပညာရှင်များက ထုတ်ပြန်ထားသည်။

ကိုဗစ်-၁၉   ရောဂါဖြစ်ပွားပြီးသည့် အရွယ်ရောက်ပြီးသူများတွင် ဆီးချိုရောဂါဖြစ်နိုင်ခြေမြင့်တက်သည်ကို ယခင်ကတည်းက တွေ့ရှိထားခြင်း ဖြစ်သော်လည်း ကလေးငယ်များတွင်ပါ အလားတူဖြစ်နိုင်သည်ကို ယခုမှတွေ့ရှိခြင်းဖြစ်သည်။

ဃီဃ မှသုတေသနပညာရှင်များသည် အာမခံကြေးတောင်းခံမှု အချက်အလက်များကိုရယူကာ လေ့လာမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထိုသုတေသနတွင်   ပါဝင်သူများမှာ အသက် ၁၈ နှစ်အောက်ရှိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီးသူများဖြစ်ကာ ၎င်းတို့တွင် ဆီးချိုရောဂါဖြစ်ပွားမှုအသစ်များ ရှိ၊ မရှိကို သုတေသီများကလေ့လာခြင်း ဖြစ်သည်။

ထို့ပြင်သုတေသီများသည် အမေရိကန်ကျန်းမာရေးအစီအစဉ်မှ အသက် ၁၈ နှစ်အောက်ကလေးငယ်များ ဆီးချိုရောဂါရှိ၊ မရှိစစ်ဆေးမှုမှ  အချက်အလက်များကိုလည်း သုတေသနပြုလေ့လာသည်။

ထိုသို့လေ့လာရာတွင်   ပထမတစ်ခု၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပြီးနောက်  ဆီးချိုရောဂါခံစားရသူ ၂ ဒသမ ၆ ဆတိုးလာသော်လည်း ဒုတိယတစ်ခုတွင်မူ ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်ကို    တွေ့ရသည်။

သို့သော်    ထိုကလေးများတွင်ဖြစ်ပွားသည့် ဆီးချိုရောဂါသည် နာတာရှည်ရောဂါဟုတ်၊ မဟုတ်ကို   မသိရ သေးကြောင်း သုတေသီများကပြောသည်။

ယခုကဲ့သို့တွေ့ရှိမှုသည် ကာကွယ်ဆေးထိုးရန် အကျုံးဝင်သော  ကလေးငယ်များအားလုံး ကာကွယ်ဆေးကို ထိုးကြရန် လိုအပ်သည်ကို မီးမောင်းထိုးပြနေခြင်းဖြစ်ကြောင်း သုတေသီများ၏ထုတ်ပြန်ချက်တွင် ဖော်ပြ

ထားသည်။

Ref: Bangkok Post