ရေးမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုနှင့်ဒီရေလှိုင်းများ ရိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်၊ စားသောက်ဖွယ်ရာ များထောက်ပံ့

ရေးမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုနှင့်ဒီရေလှိုင်းများ ရိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်၊ စားသောက်ဖွယ်ရာ များထောက်ပံ့

နေပြည်တော်၊ စက်တင်ဘာ - ၂၁
    
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုနှင့် ဒီရေလှိုင်းများ ရိုက်ခတ်မှု ကြောင့် စက်တင်ဘာ ၂၀ ရက်နံနက်ပိုင်းတွင် ဇီးဖြူသောင်ကျေးရွာကမ်းခြေတစ်လျှောက် နေအိမ် ၁၈ လုံးအတွင်း ဒီရေဝင်ရောက်ကာ ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။
    
အဆိုပါ ဒီရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့် ကျေးရွာသို့ စက်တင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက သွားရောက်၍ ရေဘေးသင့်ပြည်သူများအား ရေဘေးကင်းလွတ်ရာ ကျေးရွာမူလတန်းကြို ကျောင်းနှင့် နီးစပ်ရာ၎င်းင်းတို့၏ဆွေမျိုးများနေအိမ်များသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ အပျက်အစီးများဖယ်ရှား ရှင်းလင်းပေးခြင်း စသည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးကာ ဆန် ၁၀ အိတ်၊ ခေါက်ဆွဲခြောက် ၁၀ ဖာ၊ စားသုံးဆီ ၁ လီတာဘူး ၁၈ ဘူးနှင့်စားသောက်ဖွယ်ရာများကို ကျေးရွာအုပ်ချုပ်ရေးမှူးထံ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။