အင်ဒိုနီးရှား၌ ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၅၂၉ ဦးနှင့် သေဆုံးသူ နှစ်ဦးရှိ

အင်ဒိုနီးရှား၌ ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၅၂၉ ဦးနှင့် သေဆုံးသူ နှစ်ဦးရှိ

အင်ဒိုနီးရှားနိုင်ငံ၌ ဇန်နဝါရီ ၉ ရက်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၂၉ ဦး ရှိသည့်အတွက် ကူးစက်ခံရသူ စုစုပေါင်း၄၂၆၆၁၉၅ ဦး ရှိလာကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင်   ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူနှစ်ဦး ရှိသည့်အတွက် သေဆုံးသူ ဦးရေမှာ ၁၄၄၁၂၉ ဦး ရှိလာပြီး လူ ၂၁၁ ဦးမှာ ရောဂါပျောက်ကင်း၍ နေပြန်ကောင်းလာခြင်းကြောင့် ရောဂါပျောက်ကင်းသူ စုစုပေါင်း ၄၁၁၅၉၅၈ ဦးအထိ ရှိလာပြီဖြစ်ကြောင်း  ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အင်ဒိုနီးရှားအစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်ရန်အတွက် အမျိုးသားကာကွယ်ဆေး ထိုးနှံရေးအစီအစဉ်များကို အရှိန်မြှင့် လုပ်ဆောင်လျက် ရှိသည့်အပြင် နိုင်ငံအတွင်း၌ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံထားသူ ၁၇ဝ ဒသမ ၂၂ သန်းကျော်နှင့် ကာကွယ်ဆေး အကြိမ်ရေ အပြည့်ထိုးပြီးသူ ၁၁၆ ဒသမ ၈၂ သန်းရှိကြောင်း သိရသည်။

အာဏာပိုင်များအနေဖြင့်   တရုတ်နိုင်ငံရှိ ဆီနိုဗက် ကုမ္ပဏီထုတ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို    အရေးပေါ် အသုံးပြုခွင့်ပြုပြီးနောက် ပြီးခဲ့သည့်နှစ် ဇန်နဝါရီလတွင် ကြီးမားသော ကာကွယ်ဆေးထိုးနှံမှုကို စတင်ခဲ့ခြင်းဖြစ်သည်။

အစိုးရအနေဖြင့် လူဦးရေ ၂ဝ၈ ဒသမ၂ သန်းကို ကာကွယ်ဆေး အကြိမ်ရေပြည့် ထိုးနှံရန် ရည်ရွယ်ထားပြီး ထပ်တိုးအားဖြည့် ကာကွယ်ဆေးများ အပါအဝင် ကာကွယ်ဆေး ၂၈၈ ဒသမ  ၃၇ သန်းကို ထိုးနှံပေးထားပြီးဖြစ်ကြောင်း သိရသည်။