မလှိုင်မြို့နယ်နှင့်မင်းဘူး(စကု)မြို့နယ်တို့ရှိ ဒေသခံတောင်သူများ၏ သီးနှံစိုက်ခင်းများတွင် နယ်မြေခံတပ်မတော်သားများက သီးနှံရိပ်သိမ်းပေးခြင်းနှင့် လိုအပ်သည်များကူညီဆောင်ရွက်

မလှိုင်မြို့နယ်နှင့်မင်းဘူး(စကု)မြို့နယ်တို့ရှိ ဒေသခံတောင်သူများ၏ သီးနှံစိုက်ခင်းများတွင် နယ်မြေခံတပ်မတော်သားများက သီးနှံရိပ်သိမ်းပေးခြင်းနှင့် လိုအပ်သည်များကူညီဆောင်ရွက်

နေပြည်တော်၊ စက်တင်ဘာ - ၂၁
    
တပ်မတော်အနေဖြင့်  COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များနှင့် ကူညီထောက်ပံ့မှုများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရာသီဥတု ဖောက်ပြန်၍ မိုးခေါင်မှုကြောင့် စိုက်ပျိုးသီးနှံများပျက်စီးဆုံးရှုံးခဲ့သော မကွေးတိုင်းဒေသကြီး နှင့်မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများ စားသောက်ရေးအဆင်ပြေစေရန်အတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများက လှူဒါန်းသည့် ဆန်၊ ဆီ၊ ဆား၊ပဲ အမယ် ၄ မျိုး ထောက်ပံ့ပေးအပ်ခဲ့ရာ ယနေ့အထိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ကျေးရွာပေါင်း ၁၉၇ ရွာနှင့် ရပ်ကွက် ၂ ခုတို့ရှိ ဒေသခံတောင်သူ ၉၃၃၉၂ ဦးကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။
    
ထို့ပြင် ယနေ့နံနက်ပိုင်းတွင်လည်း မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ဆည်တိုကျေးရွာ၌ မိတ္ထီလာတပ်နယ်မှ နယ်မြေခံတပ်မတော်သားများကလည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ကိုင်းတောကြီးကျေးရွာ၌ မကွေးတပ်နယ်မှ နယ်မြေခံတပ်မတော်သားများကလည်းကောင်း ဒေသခံတောင်သူများ၏ စိုက်ခင်းများတွင် သီးနှံရိပ်သိမ်းပေးခြင်းများနှင့် လိုအပ်သည်များကူညီ ဆောင်ရွက်ပေးကြသည်။
    
ယင်းသို့ကူညီဆောင်ရွက်ပေးခဲ့ရာ တောင်သူများအနေဖြင့် အချိန်တိုတိုဖြင့် လုပ်ငန်းပြီးမြောက်၍ ပြင်ပမှလုပ်သားငှားရမ်းခ သက်သာမှုရရှိခဲ့သဖြင့် အထူးပင်ဝမ်းမြောက်၍  ကျေးဇူးတင်ရှိကြောင်း နှင့် တောင်သူများက အောက်ပါအတိုင်း ရင်တွင်းစကားသံများပြန်လည် ပြောကြားခဲ့သည်-