ဘုန်းတော်ကြီးကျောင်းများနှင့်သီလရှင်ကျောင်းများအတွက် စေတနာရှင်အလှူရှင်များက ဆန်၊ ဆီ၊ ငါးခြောက်နှင့်စားသောက်ဖွယ်ရာများ လာရောက်လှူဒါန်း

ဘုန်းတော်ကြီးကျောင်းများနှင့်သီလရှင်ကျောင်းများအတွက် စေတနာရှင်အလှူရှင်များက ဆန်၊ ဆီ၊ ငါးခြောက်နှင့်စားသောက်ဖွယ်ရာများ လာရောက်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၂၁
    
COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်သည့် ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့်သီလရှင်ကျောင်းများတွင် ဆန်၊ ဆီနှင့်လှူဖွယ်ပစ္စည်းများ အခက်အခဲမဖြစ်ပေါ်စေရန်အတွက် စေတနာရှင်အလှူရှင်များက ဆန်၊ ဆီ၊ ငါးခြောက် နှင့်လှူဖွယ်ပစ္စည်းများကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာ ခန်းမ၌ လာရောက်လှူဒါန်းကြသည်။
    
ဦးစွာ အလှူရှင်များကိုယ်စား ဦးမောင်မောင်အောင်က လှူဒါန်းရခြင်းနှင့် ပတ်သက်၍ရှင်းလင်းပြောကြားသည်။ ထို့နောက် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအတွက် အလှူရှင်များဖြစ်ကြသည့် ဒေါက်တာ သန့်လွင်မောင်+ ဒေါ်အေးမြင့်ကြည်မိသားစုက ဆန်အိတ် ၁၂၀ အိတ်၊ ဆီ ၂၀၀ ပိဿာ၊ ငါးခြောက် ၁၀၀ ပိဿာ၊ လှူဖွယ်ပစ္စည်းများနှင့် စာအုပ်များကိုလည်းကောင်း၊ ဦးသွင်မြင့်မောင်+ဒေါက်တာ ဒေါ်သီသီထွန်းမိသားစုက ဆန်အိတ် ၂၀ အိတ်ကိုလည်းကောင်း၊ ဦးဇေယျာထွန်းညို+ ဒေါ်နှင်းနန္ဒာလှိုင်( GAIA Construction Co,Ltd ) မိသားစုက ဆန်အိတ် ၁၀၀ အိတ်ကို လည်းကောင်း အသီးသီးပေးအပ်ကြရာ တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။