အမေရိကန်တွင် လေယာဉ်နှင့် မီးရထားဝင်တိုက်

အမေရိကန်တွင် လေယာဉ်နှင့် မီးရထားဝင်တိုက်

အမေရိကန်ပြည်ထောင်စု  ကယ်လီဖိုးနီးယားပြည်နယ် လောအိန်ဂျလိမြို့တွင် လေယာဉ်ပျံတစ်စင်းနှင့် မီးရထားတစ်စင်း တိုက်မိခဲ့ကြောင်း သိရသည်။

Cessna အမျိုးအစား လေယာဉ်သည် ဇန်နဝါရီ ၉ ရက်တွင်  ပါကွိုင်မာဒေသမှ ပျံတက်ခဲ့ပြီးနောက်မကြာမီ အနီးတစ်ဝိုက်ရှိ မီးရထားလမ်းပေါ်သို့ ပျက်ကျခြင်းဖြစ်သည်။

ယင်းနောက်တွင်  ပျက်ကျခဲ့သည့် အဆိုပါလေယာဉ်အား   ဖြတ်သန်းသွားလာသည့် မီးရထားတစ်စင်းက  ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း  မီဒီယာများတွင် ဖော်ပြသည်။သို့ရာတွင် လေယာဉ်ပေါ်၌ လိုက်ပါလာသည့် လေယာဉ်မှူးအား    ရဲတပ်ဖွဲ့ကအချိန်မီ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်တွင် မီးရထားပေါ်တွင် လိုက်ပါလာသူ တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိမှု မရှိပေ။ လေယာဉ်မှူးမှာမူ လေယာဉ်ပျက်ကျမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော်လည်း စိုးရိမ်စရာ အခြေအနေမရှိကြောင်း  သိရသည်။

ပျက်ကျသွားသည့် လေယာဉ်အတွင်းမှ လေယာဉ်မှူးအား အချိန်မီ ကယ်ဆယ်နိုင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ရဲစွမ်းသတ္တိဖြင့် အလျင်အမြန် လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း  ရဲတပ်ဖွဲ့က  ချီးကျူးပြောဆိုထားသည်။