ရောဂါပိုး ကူးစက်မှု မြင့်တက်လာခြင်းကြောင့် အလည်အပတ် ခရီးစဉ်များကို ဆိုင်းငံ့ထားရန် အင်ဒိုနီးရှား တောင်းဆို

ရောဂါပိုး ကူးစက်မှု မြင့်တက်လာခြင်းကြောင့် အလည်အပတ် ခရီးစဉ်များကို ဆိုင်းငံ့ထားရန် အင်ဒိုနီးရှား တောင်းဆို

အင်ဒိုနီးရှားနိုင်ငံ တစ်ဝန်းလုံးတွင် ရက်သတ္တ တစ်ပတ်အတွင်းမှာပင်   ကိုဗစ်-၁၉ရောဂါပိုး ကူးစက်မှုပမာဏမှာ သုံးဆမြင့်တက်လာခြင်းကြောင့် ပြင်ပနိုင်ငံများသို့အလည်အပတ် သွားရောက်မည့် ခရီးစဉ်များကို ဆိုင်းငံ့ထားရန် အစိုးရက တောင်းဆိုလိုက်ကြောင်း သိရသည်။

နိုင်ငံအတွင်း   ကူးစက်ဖြစ်ပွားသည့် ရောဂါပိုး ကူးစက်မှုများအနက် ၉ဝ ရာခိုင်နှုန်းမှာ ပြည်ပနိုင်ငံများမှ ဝင်ရောက်လာခြင်းဖြစ်ပြီး ပြီးခဲ့သည့်ရက်သတ္တပတ် အကုန်ပိုင်းတွင်ရောဂါပိုးကူးစက်ခံရသူ အရေအတွက်မှာ ၄၁၄  ဦးအထိ    မြင့်တက်လာကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၉ ရက်တွင် ထုတ်ပြန်သည်။   ရောဂါပိုးကူးစက်ခံရသူအများစုမှာ အပြည့်အဝ ကာကွယ်ဆေး ထိုးနှံမှုခံယူပြီး အင်ဒိုနီးရှား နိုင်ငံသားများဖြစ်ကြောင်း၊ အိုမီခရွန်ဗိုင်းရပ်ပိုး ကူးစက်ခံရသူများမှာ တူရကီ၊   အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့်  ဆော်ဒီအာရေဗျနိုင်ငံများသို့    သွားရောက် လည်ပတ်သူများ ဖြစ်ကြောင်း    ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်တွင်  ဖော်ပြထားသည်။

အင်ဒိုနီးရှားနိုင်ငံတွင်  အိုမီခရွန်ဗိုင်းရပ် မျိုးကွဲကူးစက်မှုကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ၁၆ ရက်တွင် ပထမဆုံး တွေ့ရှိခြင်းဖြစ်ပြီး ယင်းနောက်ပိုင်းမှစ၍ ရောဂါပိုး ကူးစက်မှုနှုန်းသည် တဖြည်းဖြည်း မြင့်တက်လာကြောင်း၊ ရောဂါပိုးကူးစက်မှု မြင့်တက်လာခြင်းကြောင့် ဆေးရုံများနှင့်   ကျန်းမာရေး ဝန်ထမ်းများအပေါ် ဖိအားများ ကျရောက်လာသည့်အပြင် အောက်ဆီဂျင်ပြတ်လပ်မှုများ ဖြစ်ပေါ်လာခဲ့ကြောင်း သိရသည်။

အိုမီခရွန်ဗိုင်းရပ်မျိုးကွဲ ကူးစက်မှုသည် ယခုနှစ်  ဇန်နဝါရီလကုန်ပိုင်းတွင်  ပိုမိုမြင့်တက်လာဖွယ် ရှိသည်ဟု   အစိုးရက မျှော်လင့်ထားသည်။