COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေများ လာရောက်လှူဒါန်း

COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေများ လာရောက်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၂၁
    
COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် စေတနာရှင်အလှူရှင်များက အလှူငွေများကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၌ လာရောက်ပေးအပ် လှူဒါန်းသည်။
    
ဦးစွာ ဆေးရုံတပ်မှူး ဗိုလ်မှူးချုပ် မြင့်ဇော်က နှုတ်ခွန်းဆက်စကားပြောကြား သည်။ ထို့နောက် အလှူရှင်များကိုယ်စား ဒုတိယဗိုလ်ချုပ်ကြီး ဝင်းမြင့်(အငြိမ်းစား)က လှူဒါန်းရခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားပြီး အလှူရှင်များလှူဒါန်းသည့် အလှူငွေ ကျပ်သိန်း ၅၀ ကိုပေးအပ်လှူဒါန်းရာ ဆေးရုံတပ်မှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။