ကာဇက်စတန် နိုင်ငံရှိ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့ နှစ်ရက်အတွင်း ထွက်ခွာမည်

ကာဇက်စတန် နိုင်ငံရှိ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့ နှစ်ရက်အတွင်း ထွက်ခွာမည်

ကာဇက်စတန်နိုင်ငံအတွင်း ရောက်ရှိနေသည့် ရုရှားဦးဆောင်သော ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့သည် ထိုနိုင်ငံမှ နှစ်ရက်အတွင်း ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဆိုပါ တပ်ရုပ်မှုသည် ၁ဝ ရက် ထက်ပိုကြာမည် မဟုတ်ကြောင်း ကာဇက်စတန် သမ္မတ    ကတ်ဆင်ဂျိုမာ့တိုကာယတ်က  ဇန်နဝါရီ ၁၁ ရက်တွင် ပြောသည်။

စုပေါင်းလုံခြုံရေး သဘောတူစာချုပ်အဖွဲ့(CSTO)မှ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့၏ အဓိကတာဝန်သည် အောင်မြင်စွာ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း တိုကာယတ်က ဆက်ပြောသည်။

အဆိုပါငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့သည် ကာဇက်စတန်သမ္မတ၏ တောင်းဆိုမှုဖြင့် ထိုနိုင်ငံအတွင်း ရောက်ရှိနေခြင်းဖြစ်ကာ နိုင်ငံအတွင်း ဖြစ်ပွားနေသော ဆူပူအကြမ်းဖက်မှုများကို ကောင်းစွာ ထိန်းချုပ်နိုင်ခဲ့ကြောင်းနှင့် တပ်ဖွဲ့များ ပြန်လည်ထွက်ခွာမှုသည်  လာမည့်နှစ်ရက်အတွင်း စတင်မည်ဖြစ်ကြောင်း ကာဇက်စတန် သမ္မတက ပြောသည်ဟု     သိရသည်။