ကာဇက်စတန်အရေးတွင် ရုရှားက ကျူးကျော်သူ ဖြစ်သည်ဟူသော အနောက်နိုင်ငံများ၏ ပြောဆိုမှု အဓိပ္ပာယ်မရှိဟုဆို

ကာဇက်စတန်အရေးတွင် ရုရှားက ကျူးကျော်သူ ဖြစ်သည်ဟူသော အနောက်နိုင်ငံများ၏ ပြောဆိုမှု အဓိပ္ပာယ်မရှိဟုဆို

ကာဇက်စတန် ပြည်တွင်းရေးတွင် ရုရှားနိုင်ငံကသာ  ကျူးကျော်သူဖြစ်ကြောင်း အနောက်နိုင်ငံများက ဝေဖန်ပြောဆိုထား ပြီး  ထိုသို့ပြောဆိုခြင်းသည်  အဓိပ္ပာယ်မရှိကြောင်း   ရုရှားအစိုးရက တုံ့ပြန်ထားသည်။

ရုရှားဦးဆောင်သော       ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့များကြောင့်သာ သွေး ထွက်သံယို ဖြစ်မှုများပြားသော ကာဇက်စတန် ပြည်တွင်းရေးကို ရပ်တန့်လိုက်နိုင်ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ အဓိပ္ပာယ်မရှိသော စကားများကိုပြောသူများသည် ကာဇက်စတန် အရေးကို ထဲထဲဝင်ဝင် လေ့လာသိရှိသူများ မဟုတ်ကြောင်း၊ ထို့ပြင် ကျွမ်းကျင်ပညာရှင်များလည်း မဟုတ်ကြောင်းနှင့် ၎င်းတို့ထံမှ ရုရှားနှင့်ပတ်သက်သည့် ပေါက်တတ်ကရ စကားများကို ကြားနေရခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ဇန်နဝါရီ၁၁ ရက်တွင် ပြောသည်။

စုပေါင်းလုံခြုံရေး သဘောတူစာချုပ်အဖွဲ့ (CSTO)က ကာဇက်စတန်နိုင်ငံအတွင်း တရားမဝင် ဖြန့်ကြက်နေရာယူသည်ဟူသော အနောက်နိုင်ငံများ၏ သုံးသပ်ချက်သည် ထိုနိုင်ငံများအနေဖြင့် ကာဇက်စတန်အရေးကို ထိရောက်စွာ တုံ့ပြန်နိုင်ခြင်းမရှိသည့် အတွက် စိတ်ဆိုးပြီး ပြောဆိုခြင်းသာဖြစ် ကြောင်း မာရီယာဇာခါရိုဗာက ဆက်ပြော သည်။

ထို့ပြင် CSTO သည် အခြေအနေကို ကျွမ်းကျင်စွာကိုင်တွယ်ပြီး တည်ငြိမ်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ရုရှားဦးဆောင်သော တပ်ဖွဲ့အနေဖြင့် ထိုသို့လုပ်နိုင်ချိန်တွင် အနောက်နိုင်ငံများ၏ စစ်ဆင်ရေးမှန်သမျှက အရှုံးနှင့်သာရင်ဆိုင်နေရကြောင်း ၎င်း ကဆိုသည်။

အဆိုးဆုံးမှာ ထိုသို့ဝေဖန်သူများသည် စုပေါင်းလုံခြုံရေး သဘောတူစာချုပ်ကိုပင် ဖတ်ရှုဖူးသည့်   အခြေအနေ မရှိခြင်းဖြစ်ကြောင်း၊  စာချုပ်ပါ အဖွဲ့ဝင်နိုင်ငံများကြား အပြန်အလှန် ကူညီထောက်ပံ့ပေးရာတွင် ပဋိပက္ခဖြစ်နေသော နိုင်ငံ၏ အရေးကိစ္စ တွင်ပါဝင်ခြင်း၊ လက်နက်ကိုင်တပ်ဖွဲ့များ အသုံးပြုခြင်းတို့လည်း ပါဝင်ကြောင်း မာရီ ယာဇာခါရိုဗာက ပြောသည်ဟု သိရသည်။