အင်ဒိုနီးရှားက ထပ်တိုးကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်းစတင်

အင်ဒိုနီးရှားက ထပ်တိုးကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်းစတင်

အင်ဒိုနီးရှားနိုင်ငံသည် အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုမြင့်တက်နေပြီး သုံးလနီးပါးအတွင်းရောဂါပိုး ကူးစက်မှု အမြင့်ဆုံး ဖြစ်ပွားလာစဉ် ကူးစက် ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေးအတွက် ထပ်တိုး ကာကွယ်ဆေးထိုး လုပ်ငန်းကို  ဇန်နဝါရီ ၁၂ ရက်တွင် စတင်ကြောင်း သိရသည်။

အဆိုပါထပ်တိုး ကာကွယ်ဆေးထိုး အစီအစဉ်တွင် သက်ကြီးရွယ်အိုများနှင့် ရောဂါ ကူးစက်နိုင်ခြေ မြင့်မားသူများကို ဦးစားပေး အနေဖြင့် ထိုးပေးသွားမည်ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ၌ ဇန်နဝါရီ ၁၁ ရက်တွင် နေ့စဉ် ရောဂါပိုးကူးစက်ခံရသူ  ၈ဝ၂ ဦးရှိပြီး ယင်းအရေအတွက်သည်   သုံးလနီးပါး အတွင်း စံချိန်တင်အမြင့်ဆုံး ကူးစက်မှုဖြစ် ကြောင်းနှင့် ရောဂါပိုး ကူးစက်မှုသည်  ဖေဖော်ဝါရီလတွင် အထွတ်အထိပ်သို့ ရောက်ရှိနိုင် ကြောင်း အကြီးတန်း အစိုးရဝန်ကြီး လူဟစ် ပန်ဂျေတန်ကပြောသည်။   အင်ဒိုနီးရှား တာဝန်ရှိသူများ အနေဖြင့် ထပ်တိုးကာကွယ်ဆေးအတွက်  ဆိုင်နိုဗစ်၊ အက်စထရာဇီနီကာ၊ ဖိုင်ဇာနှင့် ဇီဖီဘတ် ကာကွယ်ဆေးများကို အသုံးပြုခွင့် ပေးထားသည်။

အင်ဒိုနီးရှားနိုင်ငံ၌ လူဦးရေသန်း ၂၇ဝ ရှိသည့်အနက် ၂ဝ၈ သန်းကျော်အထိ ကာကွယ်ဆေး ထိုးပေးမည်ဟု အစိုးရက ကတိပြု သတ်မှတ်ထားသော်လည်း  ပြီးခဲ့ သည့်ရက်ပိုင်းအထိ ၅၆ ရာခိုင်နှုန်းအောက်သာ ကိုဗစ်ကာကွယ်ဆေး အပြည့်ထိုးနှံနိုင် ကာ သတ်မှတ် အရေအတွက်ပြည့်မီအောင် ထိုးနှံနိုင်ခြင်း မရှိကြောင်း ကျန်းမာရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။