ဖာနန်ဒင်ဟိုကို မန်စီးတီးအသင်းခေါင်းဆောင်ခန့်အပ်

မန်ချက်စတာ၊ ဘောလုံး

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက အသင်းခေါင်းဆောင်သစ်အဖြစ် ဘရာဇီးကွင်းလယ် ကစားသမား ဖာနန်ဒင်ဟိုကို ခန့်အပ်လိုက်ကြောင်း စက်တင်ဘာ ၂၀ ရက်က အတည်ပြု ခဲ့သည်။

မန်စီးတီးအသင်းခေါင်းဆောင်အဖြစ် ယခင်က ကွန်ပနီ တာဝန်ယူခဲ့ကာ ပြီးခဲ့သည့် ရာသီ မတိုင်မီ ကွန်ပနီထွက်ခွာချိန်တွင် ဒေးဗစ်ဆေးလ်ဗားကို တာဝန်လွှဲခဲ့သည်။ သို့သော် ဆေးလ်ဗားသည်လည်း ၁၀ နှစ်ကြာကစားပေးခဲ့သော မန်စီးတီးမှ ထွက်ခွာသွားသဖြင့် ယခု ရာသီအတွက် အသင်းခေါင်းဆောင်ရာထူးကို အသက် ၃၅ နှစ်ရှိပြီဖြစ်သော ဖာနန်ဒင်ဟိုအား ပေးအပ်ခဲ့ကြောင်း ဂွါဒီယိုလာက အတည်ပြုပြောသည်။

Ref:Mirror