ထိုင်းနိုင်ငံ၌ အိုမီခရွန်ကြောင့် ပထမဆုံး သေဆုံးသူ တစ်ဦးရှိလာ

ထိုင်းနိုင်ငံ၌ အိုမီခရွန်ကြောင့် ပထမဆုံး သေဆုံးသူ တစ်ဦးရှိလာ

ထိုင်းနိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုမြင့်တက်နေစဉ် ထိုရောဂါပိုးကြောင့် ပထမဆုံး သေဆုံးသူ တစ်ဦးရှိလာကြောင်း ကျန်းမာရေး တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၁၆ ရက်တွင် ပြောသည်။

သေဆုံးသူသည် အသက် ၈၆ နှစ်ရှိ အဘွားအိုတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့်လတွင် အိုမီခရွန်ရောဂါပိုး ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခြင်းဖြစ်သည်။

ထိုအဘွားအိုသည် အိပ်ရာထဲတွင် လှဲနေရသည့် အယ်ဇိုင်းမားရောဂါ ခံစားနေရသူ တစ်ဦးဖြစ်ကြောင်း  ကျန်းမာရေးဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ထို့ပြင် နိုင်ငံအတွင်း အိုမီခရွန်ရောဂါပိုး ကူးစက်ခံရသူ  ၁ဝဝဝဝ  ကျော် ရှိသော်လည်း   ရောဂါပိုး ကူးစက်ပျံ့နှံ့မှု ထိန်းချုပ် ရေးအတွက် နောက်ထပ် ကန့်သတ်ချက်များကို ထုတ်ပြန်မည် မဟုတ်ကြောင်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။

ထိုင်းနိုင်ငံ၌ ဇန်နဝါရီ ၁၆ ရက်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်သူ ၈ဝ၇၇ ဦးနှင့် သေဆုံးသူကိုးဦးရှိသည်။ အစိုးရအနေဖြင့် နိုင်ငံအတွင်းရှိ လူဦးရေ ၇၂ သန်းအနက် ၆၆ ရာခိုင်နှုန်းကို ကာကွယ်ဆေး နှစ်ကြိမ်စီ ထိုးပေးပြီးဖြစ်ကာ ယခုအခါ ရောဂါဖြစ်ပွားသူ စုစုပေါင်း ၂ ဒသမ ၃ သန်းနှင့်သေဆုံးသူ ၂၂ဝဝဝ နီးပါး ရှိလာပြီဖြစ်ကြောင်း သိရသည်။