COVID-19  ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ အထောက်အကူ ဖြစ်စေရန် အဟာရဖြည့် စားသောက် ဖွယ်ရာများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၂၂

   

ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေး ဌာနများ၌ ဆေးရုံတက်ရောက်ကုသမှု ခံယူနေသူများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများ အာဟာရပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် အဟာရဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ်များအလိုက် တပ်မတော်သားများက သွားရောက်ပေးအပ် လှူဒါန်းလျက်ရှိသည်။

ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ဟိုပန်ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ အမျိုးသမီးနှင့် ကလေးအထူးကုဆေးရုံကြီး၊ မိုင်းကိုင်မြို့ ပြည်သူ့ဆေးရုံ၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေး တိုက်နယ်ဆေးရုံ၊ ဒီးမော့ဆိုမြို့ ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ခရိုင်ပြည်သူ့ဆေးရုံ၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးလက်ကျန်းမာရေးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ကျောင်းရွာစံပြ ကျေးရွာ၊ တိုက်နယ်ပြည်သူ့ဆေးရုံ၊  စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့ ပြည်သူ့ဆေးရုံ၊ မန္တလေး တိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ အထွေထွေရောဂါကုဆေးရုံကြီးများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ  တာဝန်ရှိသူများက သွားရောက်၍ ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦးလက်ဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်)စသည့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။