ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ၁ဝ ဦး ကပ်ဘေး ကာလအတွင်း နှစ်ဆ ပိုမိုချမ်းသာလာ

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ၁ဝ ဦး ကပ်ဘေး ကာလအတွင်း နှစ်ဆ ပိုမိုချမ်းသာလာ

ကမ္ဘာပေါ်တွင်   ဆင်းရဲမှုနှင့် မညီမျှမှုမြင့်တက်နေစဉ် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ၁ဝ ဦးသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ကပ်ဘေးကာလနှစ်နှစ်အတွင်း   နှစ်ဆ ပိုမိုချမ်းသာလာကြောင်း ဇန်နဝါရီ ၁၇ ရက်ထုတ် အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

ထိုပုဂ္ဂိုလ်များ၏ ချမ်းသာမှုသည် တစ်ရက်လျှင် ပျှမ်းမျှဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံနှုန်းဖြင့် ဘီလီယံ ၇ဝဝ မှ ၁ ဒသမ ၃ ထရီလီယံ အထိမြင့်တက်လာကြောင်း အောက်စဖမ်အဖွဲ့က ကမ္ဘာ့စီးပွားရေးဖိုရမ် မကျင်းပမီတွင် ထုတ်ပြန်ထားသည်။

ကမ္ဘာ့စီးပွားရေးသည်    ၁၉၂၉ ခုနှစ်တွင် ဖြစ်ပွားသော ဝေါစထရိငွေကြေး ပဋိပက္ခပြီးနောက်    အဆိုးဝါးဆုံး ကျဆင်းမှုနှင့် ရင်ဆိုင်နေရစဉ် အဆိုပါ သူဌေးကြီးများ၏ ချမ်းသာမှုသည် လွန်ခဲ့သော ၁၄ နှစ်ထက် ကပ်ရောဂါဖြစ်သည့် ကာလအတွင်း ပိုမိုမြင့်တက်လာကြောင်း အောက်စဖမ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။